ရှေ့သို့
Image

ဆဲလ်ဘတ် တိုက်စစ်မှူး ဘင်ဂျင်မင်ဆက်ကို ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲပါဝင်လာတဲ့ ယူနိုက်တက်

10:23 AM, 25 July

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရက်ဘူးလ်ဆဲလ်ဘတ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ကို ကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပေမယ့် သြစတြီးယားကလပ်ဟာ သူတို့ရဲ့ကစားသမားကို ဒီနွေရာသီမှာ ပေါင် ၅၅ သန်းအောက်နဲ့ ရောင်းဖို့စဉ်းစားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ယူနိုက်တက်အပြင် နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ကလည်း ၁၉ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ အသင်းတွေအဖြစ် အတည်ပြုထားပြီးဖြစ်ပါတယ်။ ဆဲလ်ဘတ်ကတော့ ဒီရာသီအစမှာတင် ၂ ပွဲ ကစားပြီး ၂ ဂိုး သွင်းထားတဲ့ ဆက်ကို ကို ဆက်ထိန်းထားလိုနေပြီး သူတို့သတ်မှတ်ထားတဲ့ တန်ကြေးမရမချင်း ရောင်းထုတ်မှာ မဟုတ်ပါဘူး။

အရပ် ၆ ပေ ၄ လက်မမြင့်တဲ့ ဆက်ကိုရဲ့အေးဂျင့်ကတော့ နယူးကာဆယ်အသင်းအခြေစိုက်ရာ တိုင်နီဆိုက်ရှိ တိုင်နီတံတားအနီးက စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေတဲ့ ပုံကိုတင်ပြီး ပရိသတ်တွေကို ရင်ခုန်အောင်လုပ်ခဲ့ပါသေးတယ်။ နယူးကာဆယ်ကလည်း တိုက်စစ်မှူးကို စိတ်ဝင်စားတယ်ဆိုပေမယ့် အပြောင်းအရွှေ့ကိစ္စကိုတော့ အားစိုက်ထုတ်ခြင်းမရှိသေးပါဘူး။

နယူးကာဆယ်အသင်းရဲ့ ဒီနွေရာသီပစ်မှတ်တွေထဲမှာ လူငယ်တိုက်စစ်မှူးတစ်ဦးနဲ့ ညာတောင်ပံကစားသမား တစ်ဦးတို့ကို ခေါ်ယူချင်နေပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ဒီတစ်ပတ်ထဲမှာပဲ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အခြေအနေကို ရှင်းပြီးတာနဲ့ တိုက်စစ်မှူးသစ် ခေါ်မခေါ်ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဆလိုဗေးနီးယားသားလေး ဆက်ကိုအတွက် ဆွေးနွေးမှုမျိုးတော့ မရှိပဲ အခြားပစ်မှတ်တွေကိုပဲ အာရုံစိုက်လျက်ရှိပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ်ပစ်မှတ်တွေကတော့ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီနဲ့ စတုဂတ်က သြစတြီးယားသား တိုက်စစ်မှူး ဆာဆာကာလာဇစ်တို့ပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ အသင်းကထွက်ခွာဖို့များပြီး ဘဏ္ဍာရေးအခြေအနေသာ အဆင်ပြေရင် အက်သလက်တီကိုမက်ဒရစ်က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆဲလ်ဘတ် #ဆက်ကို