ရှေ့သို့
Image

ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ အန်တိုနီကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အေဂျက်စ်နည်းပြ

10:40 AM, 23 July

နယ်သာလန်ကလပ် အေဂျက်စ်အသင်းရဲ့ နည်းပြဖြစ်သူ အဲလ်ဖရက်ရှုဒါက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းထွက်နေတဲ့  အန်တိုနီအပါအဝင် အေဂျက်စ် ကစားသမားတွေကို ရောင်းချသွားတော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။

အေဂျက်စ်အသင်းက ဒီနှစ်နွေအပြောင်းအရွှေ့ရာသီ၌ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာတီနက်ဇ်ကို မန်ချက်စတာယူနိုက်တက်၊ ဟော်လာ ကို ဒေါ့မွန်၊ မာဇိုဝီကို ဘိုင်ယန်မြူးနစ်အသင်း တွေဆီ ရောင်းချ ထားခဲ့ပြီးပြီ လည်း ဖြစ်ပါတယ်။ အေဂျက်စ်အသင်းက တောင်းတင်းတဲ့လူစာရင်းနဲ့အတူ  ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ထိ တက်လှမ်းနိုင်ခဲ့သလို ပြည်တွင်းလိဂ်ကိုလည်း အရယူထားနိုင်ခဲ့ကာ ချန်ပီယံသရဖူကို‌ ဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ၌ အေဂျက်စ်အသင်း အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နေရာမှာ အသက် ၂၂နှစ်အရွယ် တောင်ပံကစားသမား အန်တိုနီက ၃၃ပွဲကစားပြီး ၁၂ဂိုး သွင်းယူပေးခဲ့ကာ အဓိကနေရာမှ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့  ချိတ်ဆက်မှုတွေ ပြုလုပ်နေပေမဲ့ အေဂျက်စ် အသင်းရဲ့ နည်းပြ အဲလ်ဖရက်ရှုဒါက“ကျွန်တော်အမြင်အရတော့ သူအသင်းမှာပဲ သေချာပေါက် ဆက်ရှိသွားမှာပါ။ ကစားသမားကောင်းတွေကို လက်လွှက်ဆုံးရှုံး ထားရပြီးဖြစ်လို့ ထပ်မံ ရောင်းချသွား ဦးမှာ မဟုတ်ပါဘူး” “ကစားသမားသစ်တွေကို ခေါ်ယူထားခဲ့တာ ရှိပေမဲ့ အဓိကကစားသမားတွေကို ရောင်းချထားခဲ့ရတာကြောင့် ထပ်ရောင်းချသွားဖို့တော့ မရှိပါဘူး။ နောက်ထပ် အဓိက အားထားရတဲ့ ကစားသမားတစ်ဦးကိုသာ ရောင်းချလိုက်မယ် ဆိုရင် အသင်းအတွက် အရမ်းဆိုးရွားစေမှာ ဖြစ်ပါတယ်”လို့
ESPN သတင်းဌာနသို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အဲရစ်တန်ဟတ်က သူတို့အသင်းကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုနေရာမှာ နောက်ထပ်တိုက်စစ်လမ်းကြောင်းအတွက် ရွေးချယ်စရာ တစ်ရပ်အဖြစ် အေဂျက်စ်အသင်း၌ ဆုဖလားတွေကို အတူတကွ ရယူခဲ့ဖူးသူ အန်တိုနီ ကို ခေါ်ယူလိုနေတာဖြစ်ပေမဲ့ အေဂျက်စ်အသင်းရဲ့ နည်းပြဖြစ်သူက အခုလိုပြောဆိုလိုက်တာ ကြောင့် အဟန့်အတား ဖြစ်သွားစေမှာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #အေဂျက်စ် #အန်တိုနီ #အဲရစ်တန်ဟက်ချ်