ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲမှာ လင်ဂတ်ကို ပိုက်ဆံအတုတွေနဲ့ ပစ်ပေါက်ဖို့ ဝက်စ်ဟမ်း ပရိသတ်တွေ စီစဉ်နေ

9:29 AM, 23 July

ပေါက်ကွဲနေတဲ့ ဝက်စ်ဟမ်းပရိသတ်တွေဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ကစားချိန် သူတို့အသင်းကို ငြင်းပယ်ခဲ့တဲ့ ဂျက်ဆီ လင်ဂတ်ကို ပိုက်ဆံအတုတွေနဲ့ ပစ်ပေါက်ဖို့ စီစဉ်လျက် ရှိနေပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ လင်ဂတ်ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီ ၃ခုစလုံးမှာ အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ၂၉နှစ်သားဟာ ၂၀၂၀-၂၁ရာသီအတွင်း ဝက်စ်ဟမ်းကို ရာသီဝက်အငှားထွက်ကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၉ဂိုးသွင်း ၄ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အငှားခေါ်ယူပြီးနောက် နွေရာသီအတွင်း အပြီးသတ်ခေါ်ယူဖို့ ကြိုးစားရာမှာ ယူနိုက်တက် တောင်းဆိုမှုတွေအတိုင်း ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ကစားသမား စာချုပ်၆လသာ ကျန်တော့တဲ့ ၂၀၂၂ ဇန်နဝါရီလ အတွင်းကလည်း ဝက်စ်ဟမ်းတို့ လင်ဂတ်ကို ခေါ်ယူရန် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အောင်မြင်မှုမရှိခဲ့ဘဲ လင်ဂတ်တစ်ယောက် ရာသီကုန်မှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပါတယ်။

လင်ဂတ်ကို ယခုအချိန် အလွတ်နဲ့ခေါ်ယူဖို့ ကြိုးစားရာမှာလည်း ဝက်စ်ဟမ်းတို့ အောင်မြင်ခြင်းမရှိဘဲ အင်္ဂလန်သားက တန်းတက် နော်တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်းကို ပြောင်းချင်တယ်လို့ သတင်းတွေက ဆိုပေမဲ့ ဝက်စ်ဟမ်းက ဖောရက်စ်က ပေးတဲ့ ကမ်းလှမ်းမှုမျိုး လိုက်မပေးနိုင်ခဲ့ပါဘူး။

ယခုအချိန်မှာတော့ တစ်ချိန်က အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ဖူးတဲ့ လင်ဂတ်က ဝက်စ်ဟမ်းအစား တန်းတက်အသင်းကို ရွေးချယ်သွားတဲ့အတွက် ပရိသတ်တွေက ပေါက်ကွဲလျက် ရှိနေကြပါတယ်။ ဒါကြောင့် နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရချိန် ဝက်စ်ဟမ်းပရိသတ်တွေဟာ လင်ဂတ်ကို ပိုက်ဆံအတုတွေနဲ့ ပစ်ပေါက်ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက အီတလီဂိုးသမား ဒွမ်နာရမ်မာကို ဘဏ်စာရွက်တွေနဲ့ ပစ်ပေါက်ခဲ့တဲ့ ပုံကိုတင်ပြီး ငါတို့ သြဂုတ်လ ၁၄ရက်နေ့ကျရင် ဒါကို level နောက်တစ်ဆင့်တက်ပြီး လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ နောက်ပရိသတ် တစ်ဦးကလည်း ပိုက်ဆံအတုရောင်းနေတဲ့ ပုံကိုတင်ပြီး “ခင်ဗျားတို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိအချိန်မှာတော့ ဖရန့်ဖတ်တောင်ပံကစားသမား ကော့စတစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့ပါတယ်။

#ဝက်စ်ဟမ်း #လင်ဂတ် #နောတင်ဟမ်ဖောရက်စ်