ရှေ့သို့
Image

အဲရစ်ဆင်ကို ခေါ်ယူလိုက်တာက နည်းပြတန်ဟတ်နဲ့ အတူ ယူနိုက်တက်ကို ဆုဖလားတွေ ရရှိစေလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဖရက်

1:49 PM, 22 July

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ် ကစားသမား ဖရက်က အသင်းကို ရောက်ရှိလာတဲ့ ကစားသမားသစ်နဲ့ ပတ်သတ်လို့ ဒိန်းမက် လက်ရွေးစင် ခရစ္စတီယန် အဲရစ်ဆန်ခေါ် ယူလိုက်ခြင်းက ယူနိုက်တက် အသင်းကို ဆုဖလားတွေ ပြန်လည်ဆွတ်ခူး လာစေနိုင်လိမ့်မယ်လို့ ကြိုဆိုစကား ပြောလိုက်တာ ဖြစ်ပါတယ်။


စပါးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ တောက်ပ ခဲ့ဖူးသူ ဖြစ်တဲ့ အဲရစ်ဆင်က ယူနိုက်တက်အသင်းဆီသို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ သူပဲ ဖြစ်ပါတယ်။


ယူနိုက်တက် အသင်းက အဲရစ်ဆင်ကို ၃နှစ်စာချူပ် ချူပ်ဆိုလိုက်တာ ဖြစ်ပြီး အသင်းဖော်သစ် ဖြစ်လာတဲ့ ဖရက်က အဲရစ်ဆင်ကို ခေါ်ယူနိုင်လိုက်ခြင်းက နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ အို့ထရက်ဖို့ဒ် ကွင်းကြီးဆီသို့ အောင်မြင်မှုတွေ ပြန်လည် ရယူပေးရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောဆိုလိုက်တာပါ။


“အဲရစ်ဆင်က တိုက်စစ် အားသန်တဲ့ အရည်အသွေးမြင့်ကစားသမားမျိုးဖြစ်ပြီး ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ပါ ဂိုးသွင်းယူနိုင်တာကြောင့် ဒီအရာတွေကို ကျွန်တော် တို့အသင်းဆီ ယူဆောင် လာပေးမယ့် အပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”


“သူက အတွေ့အကြုံရင့် ကစားသမား ဖြစ်တာကြောင့် ကျွန်တော်တို့အပေါ် အကူအညီများစွာ ပေးနိုင်မှာဖြစ်ပြီး အာလုံးရည်းမှန်ထားတဲ့ အောင်မြင်မှုတွေကို အတူတကွ ဆုပ်ကိုင် လာနိုင်ပါလိမ့်မယ်။”


“ကျွန်တော့ အနေနဲ့ အဲရစ်ဆင် အပေါ် အပြည့်အဝယုံကြည်မှုရှိနေပြီး သူက အသင်းဆီကို ကောင်းမွန်တဲ့ အရာတွေ များစွာ ယူဆောင်လာမှာ ဖြစ်တာကြောင့် ကျွန်တော်တို့အတူ အောင်မြင်မှုတွေ ရယူလာနိုင်မှာပါ” လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။


အဲရစ်ဆင်က ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ဆီသို့ ရာသီဝက်တွင် ရောက်ရှိလာကာ ၁၁ပွဲကစားပြီး ၄ဂိုးဖန်တီးပေးခဲ့ကာ ဘရန့်ဖို့ဒ်အသင်းအား တန်းမဆင်းရအောင် အဓိကနေရာကနေ ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။


ယူရို ၂၀၂၀ ပြိုင်ပွဲကစားစဉ်က ရုတ်တရက် နှလုံး အမောဖောက်ခဲ့ပြီး နောက် ယူနိုက်တက်လို အင်္ဂလန်ပရီးမီယားလိဂ်ရဲ့ အသင်းကြီး တစ်သင်းဆီ ပြန်လည် ပြောင်းရွှေ့လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


အဲရစ်ဆင်ဟာ လင်ဒီလော့ဖ်နဲ့ အီလန်ဂါတို့ ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အို့ထရက်ဖို့ဒ် ကွင်းကြီးဆီသို့ ရောက်ရှိလာတဲ့ တတိယမြောက် စကန်ဒီနေဗီယန် ကစားသမားလည်း ဖြစ်ပါတယ်။  

#မန်ချက်စတာယူနိုက်တက် #အဲရစ်ဆင် #ဖရက်ဒ် #တန်ဟတ်