ရှေ့သို့
Image

ဘိုင်ယန်နဲ့ ပွဲဦးထွက်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဒီလစ်ချ်နဲ့ မာနေးတို့ကို နာဂယ်စ်မန်း ချီးကျူး

10:31 AM, 22 July

ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းက ဒီစီယူနိုက်တက်ကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ မာနေးနဲ့ ဒီလစ်ချ်တို့ကို ချီးကျူးစကားဆိုလိုက်ပါတယ်။

ဒီလစ်ချ်က volley ကန်ချက်ကနေ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မာနေးက ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်သားနောက်ခံလူူကတော့ ကွင်းထဲမှာ ၂၅ မိနစ်လောက်ရှိခဲ့ပြီး အဲ့နောက်လူစားလဲခဲ့ကာ နာဂယ်စ်မန်းက ဒဏ်ရာ ရရှိမှာစိုးရိမ်တာကြောင့် လူစားလဲခဲ့တာလို့ ဆိုခဲ့ပါတယ်။

မာနေးဟာ ကိုယ်တိုင်တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော် ဂနာဘရီရဲ့ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နာဂယ်စမန်းက အသင်းကစားသမားသစ် ၂ ဦးရဲ့ခြေစွမ်းကို သဘောကျနေပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။

“၂ ဦးစလုံးက အစကောင်းခဲ့ကြပါတယ်။ ဒီလစ်ဂျ်ဆိုလည်း တကယ်ကောင်းတဲ့ ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဒဏ်ရာမရပါဘူး။ ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့တွက် လူစားလဲလိုက်တာပါ။ မနက်ဖြန်မှာ ကြံ့ခိုင်မှုပြည့်ဝနေမှာဖြစ်ပြီး စနေနေ့မှာ ပါဝင်ကစားနိုင်ပါလိမ့်မယ်”လို့ နာဂယ်စမန်းက ပြောကြားခဲ့ပါတယ်။

ဂရာဗန်ဘာ့ဂျ်နဲ့ မာဇာရာအူရီတို့လည်း ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နာဂယ်စမန်း သူတို့ ၂ ဦးခြေစွမ်းကိုလည်း ချီးကျူးခဲ့တာဖြစ်ပါတယ်။

#မာနေး #ဘိုင်ယန်မြူးနစ် #နာဂယ်စ်မန်း #ဒီလစ်ချ် #ခြေစမ်းပွဲ #ဒီစီယူနိုက်တက်