ရှေ့သို့
Image

ချဲလ်ဆီးမှာ ဝါနာမပျော်တာနဲ့ ပတ်သက်ပြီး အံ့သြရတယ်လို့ တူချယ် ပြောကြား

9:45 AM, 22 July

ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ တီမိုဝါနာတစ်ယောက် အသင်းမှာမပျော်ရွှင်တာနဲ့ပတ်သက်ပြီး နားမလည်နိုင်ဖြစ်ရတယ်လို့ ပြောကြားလိုက်ပြီး ပုံမှန်ပွဲထွက်ခွင့်လိုချင်တယ်ဆို ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြရမယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ၂ နှစ်တာ ကာလအတွင်းမှာ စိတ်ပျက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်သားဟာ တိုက်စစ်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ၂ ရာသီအတွင်း ပရီးမီးယာလိဂ် ၁၀ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကလပ်အမေရိကအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးပေါက်ရှာတွေ့ခဲ့ပေမယ့် နိုင်ငံအသင်းမှာကစားခွင့်ရဖို့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းကိုပြောင်းချင်နေပါတယ်။

အသက် ၂၆ နှစ်သားဟာ ချာလိုတီးအသင်းနဲ့ပွဲကိုတော့ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ တူချယ်က ဝါနာထွက်ခွာချင်နေတာနဲ့ ပတ်သက်ပြီး “ကျွန်တော် အံ့သြခဲ့ရပါတယ်။ သူက ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ရှိနေတဲ့ လူငယ်တစ်ဦးပါ။ ပွဲထွက်ခွင့်လိုချင်တယ်ဆိုရင် အရည်အချင်းတစ်ခုပြသဖို့လိုအပ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့စာချုပ်သက်တမ်းရှိနေတာက ကျွန်တော်လည်းအပျော်ဆုံးသူတွေထဲတစ်ဦးပါ။ တကယ်လို့ သူကထွက်ခွာချင်တယ်လိ့ုပြောတယ်ဆိုရင် ကျွန်တော်နားမလည်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

တူချယ်က ဝါနာဟာ လာမယ့်ရာသီအသင်း ကစားသမားအဖြစ် ဆက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။ ချာလိုတီးနဲ့ပွဲကို အက်စ်ပီလီကျူတာ၊ ကီပါနဲ့ ဘာကလေတို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ကြပါတယ်။

#ချဲလ်ဆီး #ဝါနာ #တူချယ်