ရှေ့သို့
Image

ဝှစ်ဆယ်နဲ့ မိုရာတာတို့ ရောက်လာတဲ့ အက်သလက်တီကိုက ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ လော်ရန်တေး ယုံကြည်နေ

9:39 AM, 22 July

အက်သလက်တီကိုစတား လော်ရန်တေးက အသင်းရဲ့နွေရာသီမှာ ဝှစ်ဆယ် နဲ့ မိုရာတာတို့ကို ခေါ်ယူအားဖြည့်မှုနဲ့ပတ်သက်ပြီး ချီးကျူးလိုက်ကာ လာမယ့်ရာသီမှာ ဆုဖလားတွေစိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဆွာရက်ဇ်၊ ဟာရဲရားနဲ့ ဗာဆယ်ကိုတို့ထွက်ခွာသွားတဲ့အနေအထားမှာ ဝှစ်ဆယ်က ဒေါ့မွန်ကနေ အလွတ်နဲ့ ရောက်လာခဲ့တာဖြစ်သလို မိုရာတာက ဂျူဗင်တပ်စ်ကနေ အငှားနဲ့ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက လော်ရန်တေးဟာ ဆီမြွန်နီရဲ့အားထားရတဲ့ကစားသမားဖြစ်ခဲ့ပြီး ညာနောက်ခံလူ ၊ ညတောင်ပံနဲ့ ကွင်းလယ်နေရာမှာ အားဖြည့်ကစားပေးခဲ့ကာ တီကိုအသင်းကို အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်သားက ဝှစ်ဆယ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အကောင်းဆုံး ခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“သူက တကယ်ကောင်းတဲ့ကစားသမားပါ။ ကျွန်တော်တို့အများကြီးကူညီပေးနိုင်ပါတယ်။ အထိုင်အမြန်ကျမယ်လို့လည်း ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာအထိုင်ကျဖို့ဆိုတာ မလွယ်ပါဘူး။ ဒီမှာသူရာသီကောင်းတစ်ခုရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းကလည်း ပြိုင်ပွဲစုံမှာ အားပြိုင်နိုင်မယ်လို့ ထင်ပါတယ်။ ကစားသမားသစ်တွေကလည်းကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ လော်ရန်တေးက ပြောကြားခဲ့ပါတယ်။

နေရာရဖို့ ရုန်းကန်နေရပေမယ့်လည်း လော်ရန်တေးက စပိန်အသင်းမှာပြန်လည်အရွေးချယ်ခံရမယ်လို့ ယုံကြည်နေပါတယ်။ နိုင်ငံအသင်းဖော် မိုရာတာကလည်း အသင်းရဲ့လိုအပ်နေတဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော်သူ့ကိုကောင်းကောင်းသိပါတယ်။ သူက အရည်အချင်းအတွေအများကြီး ကျွန်တော်တို့ထံ ယူဆောင်လာပေးနိုင်ပါတယ်။ နိုင်ငံအသင်းမှာလည်း သူဘယ်လိုကစားသမားလဲဆိုတာ ပြသထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ တစ်ခုခုလုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။ ရာသီသစ်အတွက် မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ လော်ရန်တေးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လာလီဂါ #မိုရာတာ #အက်သလက်တီကို #ဝှစ်ဆယ် #လော်ရန်တေး