ရှေ့သို့
Image

ဟော်လာကို အမြန်ဆုံး သက်သာလာစေဖို့ ဆုတောင်းပေးလိုက်တဲ့ ဒေါ့မွန် အသင်းဖော်သစ် ဆူလီ

3:44 PM, 21 July

ဝှေးစေ့အကျိတ်တစ်ခုကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ထားရတဲ့ တိုက်စစ်မှူးဟော်လာကို အမြန်ဆုံး သက်သာပျောက်ကင်းလာစေဖို့ ဒေါ့မွန်အသင်းဖော်သစ် ဆူလီက ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်ရှိ ဒေါ့မွန်ရဲ့ ရာသီကြိုအသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်နေတဲ့ ဟော်လာက ပြီးခဲ့တဲ့ တနင်္လာနေ့၊ လေ့ကျင့်ရေးဆင်းပြီးနောက် နေထိုင်မကောင်းကြောင်း အသင်းဆီ သတင်းပေးပို့ခဲ့ရာ နောက်ဆက်တွဲ ဆေးစစ်ချက်များအရ သူရဲ့ ဝှေးစေ့မှာ အကျိတ်တစ်ခု တွေ့ရှိခဲ့ပါတယ်။ ဒေါ့မွန်နည်းပြ တာဇစ်ကတော့ တိုက်စစ်မှူးဟာ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ခံယူဖို့ ဂျာမနီကို ပြန်သွားပြီလို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒေါ့မွန်နောက်ခံလူသစ် ဆူလီက “အားကစားဆိုင်ရာ သွင်ပြင်လက္ခဏာက နောက်ကွယ်မှာ ရာနှုန်းပြည့် ထောက်ခံပေးနေပါတယ်။ သူက ကျွန်တော်တို့ အမှတ်ရနေတဲ့ ဟော်လာဆိုတဲ့ လူပါပဲ။ ဒီသတင်းကို ကြားသိလိုက်တဲ့အချိန်မှာ သူကိုင်တွယ်သွားပုံက တော်တော်လေးကောင်းပါတယ်။ ကျွန်တော်တို့ သူနဲ့အတူရှိနေတယ်ဆိုတာကို အရိပ်အယောင်နည်းနည်းလေးဖြစ်ဖြစ် ပြသချင်ပါတယ်။ မကြာခင်အချိန်မှာပဲ သူ ပြန်လည်သက်သာလာစေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ငါးကြိမ်၊ ချန်ပီယံလိဂ်ချန်ပီယံဆု တစ်ကြိမ် အနိုင်ရခဲ့သော နောက်ခံလူ ဆူလီက မြူးနစ်ကလပ်နဲ့အတူ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဇူလိုင်လအတွင်းမှာပဲ ဒေါ့မွန်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။

#ဒေါ့မွန် #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ဆူလီ