ဘာစီလိုနာရဲ့နည်းစနစ်က သူကစားတဲ့စတိုင်နဲ့ ကိုက်ညီတယ်လို့ ပြောလိုက်တဲ့ ရာဖင်ဟာ
11:42 AM, 21 July
ဘာစီလိုနာကစားသမားသစ် ရာဖင်ဟာ ဟာဘာစီလိုနာ အသင်းရဲ့ ကစားတဲ့ စနစ်ဟာ သူကစားတဲ့ စတိုင်နဲ့ ကိုက်ညီမှု ရှိတယ်လို့ အံဝင်ဂွင်ကျ အင်တာမိုင်ယာမီကို ၆-၀ နဲ့ နိုင်ပွဲ အပြီးမှာ ပြောကြားလိုက်ပါတယ်။
ဘရာဇီးသား ရာဖင်ဟာ ဟာ ထိုပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပထမပိုင်းပါဝင်ကစားပေးခဲ့ပြီး အသင်းရဲ့ ဒုတိယသွင်းဂိုးသွင်းယူပေးခဲ့ကာ နောက်ထပ် သွင်းဂိုး နှစ်ဂိုးအတွက်လည်း ဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်ပြီး သူ့အတွက် အကောင်းဆုံး ပွဲထွက်လို့ ပြောရမှာပါ။
ရာဖင်ဟာ,ဟာဘာစီလိုနာအသင်းထံကို လိဒ်ယူနိုက်တက်အသင်းထံမှ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဖလော်ရီဒါမှာ ကစားတဲ့ ပွဲမှာ ကောင်းစွာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။
လာလီဂါ ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက် ပြန်လည် ကြိုးပမ်းတည်ဆောက်လာတဲ့ ဘာစီလိုနာအသင်းကို ရာဖင်ဟာ ကပြောင်းရွေ့လာခဲ့ပြီး အသင်းမှာ မြန်မြန်အသားကျကာ သူ့အနေနဲ့ ဘာစီလိုနာရဲ့နည်းစနစ်တွေအတွင်းမှာပဲ ပွဲကို ကောင်းကောင်း ချည်းကပ်ကစားနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
"ကျွန်တော့်အနေနဲ့ အသင်းမှာ ပြဿနာရှိမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာအသင်းနဲ့ နည်းစနစ်တွေက ကျွန်တော် ကစားပုံနဲ့ ကိုက်ညီမှုရှိလို့ပါ။ ကျွန်တော့်မှာ တောင်ပံ ကစားသမားအဖြစ် ကစားဖို့လည်း ကျွမ်းကျင်မှုက ရှိပြီးသားပါ။ "
"ကျွန်တော် ဒီအသင်းကို ရောက်ရှိလာတာ တခြား ကစားသမားတွေလိုပဲ ဘာစီလိုနာအသင်းကို ကူညီဖို့ပါ။ ဘာစီလိုနာအသင်းကရော ၊ အသင်းဖေယ်တွေကရော အများကြီး ကူညီပေးမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကူညီမှုက ရလဒ်ကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်။ "
"ကစားသမားကောင်းတွေနဲ့ တွဲဖက် ကစားရတဲ့ အခါ အရမ်းပဲ လွယ်ကူပါတယ်။ အထူးသဖြင့် ဘာစီလိုနာလို အသင်းမှာရှိနေတဲ့ ကစားသမားတွေနဲ့ပေါ့။ အစစအရာရာ လွယ်လွယ် ကူကူပါပဲ။"
"အသင်းရဲ့ ကစားကွက်နဲ့ အသားကျဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ အသင်းကလည်း အများကြီး ကူညီပေးပါလိမ့်မယ် ကျွန်တော်လည်း အစွမ်းကုန် အကောင်းဆုံး ကြိုးစားသွားပါမယ်။ "
လို့ ရာဖင်ဟာကဆိုပါတယ်။
ရာဖင်ဟာကို မိုင်ယာမီအသင်းနဲ့ ကစားတဲ့ ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုခြင်းခံခဲ့ရပြီး ကောင်းစွာ ကစားနိုင်ခဲ့ကာ ကစားသမားက လာမယ့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲကိုလည်း ကောင်းကောင်း ကစားသွားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုထားပါတယ်။
"ကျွန်တော်အနေနဲ့ အသင်းမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်အောင် ကစားနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် မိပါတယ်။ အသင်းနဲ့ ပထမဆုံး ပွဲထွက် ကစားရပြီဆိုရင် ကိုယ့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြနိုင်အောင် ကြိုးစားတာပါပဲ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ပွဲထွက်ပွဲစဉ်တစ်ပွဲကို ရရှိခဲ့တာပါ။ "
"အသင်းအတွက် ပိုမို ပါဝင်သယ်ပိုးပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အယ်ကလက်စီယိုမှာကောပေါ့။ ကျွန်တော်တို့ အမြဲပဲ ပြိုင်ဘက်ကို ဂိုးသွင်းချင်နေပါတယ်။ ထိုပွဲကို ကျွန်တော် အရမ်းကစားချင်နေပါတယ်။ ကျွန်တော့်အတွက် အကောင်းဆုံး ပွဲတစ်ပွဲပါ။ "
"သွင်းဂိုးတွေ သွင်းယူခြင်းက ကျွန်တော်တို့ကို နိုင်ပွဲတွေ ရရှိစေမှာပါ။ ဒါက ကျွန်တော်တို့အတွက် တစ်ရာသီလုံး ယုံကြည်မှုရှိနေစေဖို့လည်း အထောက်အပံ့တစ်ခု ဖြစ်နေမှာလည်း ဖြစ်ပါတယ်။ "
လို့ ရာဖင်ဟာ ကဆိုခဲ့ပါတယ်။
#ဘာစီလိုနာ #ရာဖင်ဟာ #အင်တာမီယာမီ