ရှေ့သို့
Image

ဂျူဗင်တပ်အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် ထွက်ခွာတဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံလိုက်ရတဲ့ အာရွန်ရမ်ဆေး

11:17 AM, 21 July

ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးက အမေရိကန်ကို ရာသီကကြိုခြေစမ်းခရီးစဉ်အဖြစ် သွားရောက်တဲ့ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ရာသီဝက်မှာပဲ ရိန်းဂျားအသင်းဆီကို အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ရမ်ဆေးက တူရင်မြေကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတာပါ။

ရမ်ဆေးက ဒီနှစ်ရာသီအစောပိုင်းမှာကတည်းက အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုတွေမှာ လာရောက်ပူးပေါင်းထားတာဖြစ်ပေမဲ့ အီတလီဘက်ကလာတဲ့ သတင်းတွေအရတော့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီ က အမေရိကကိုသွားမယ့် သူတို့ရဲ့ လူစာရင်းမှာ စာရင်းသွင်းထားခြင်း မရှိခဲ့တာပါ။

နည်းပြအယ်လီဂရီရဲ့ ဂျူဗင်တပ်အသင်းက ပေါလ်ပေါ့ဂ်ဘာနဲ့ ဒီမာရီယာတို့ကို ခေါ်ယူထားတာကြောင့် ရမ်ဆေးကို ရောင်းထုတ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

အမှန်တကယ်တော့ ရမ်ဆေးဟာ ဒီလအစောပိုင်းမှာ ဂျူဗင်တပ်အသင်းထုတ်ပြန်ခဲ့တဲ့ အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းခြင်းမခံခဲ့ရတာ လည်းဖြစ်ပါတယ်။

ရမ်ဆေးက ဂျူဗင်တပ်အသင်းနဲ့အတူ စာချူပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး စောပိုင်းကာလက စာချူပ်ဖျက်သိမ်းဖို့အတွက်ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ အတူ ၁၁နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ရမ်ဆေးက ၂၀၁၉ခုနှစ်မှာတော့ အီတလီကလပ် ဂျူဗင်တပ်အသင်းဆီသို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရောက်ရှိ လာခဲ့သူလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းမှာတော့ ရမ်ဆေးက တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ ဝန်းကျင်အထိ ရရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းမှာရှိစဉ်က နှောင်းပိုင်းနှစ်များကဲ့သို့ ဂျူဗင်တပ်အသင်းမှာလည်း ဒဏ်ရာပြဿနာတွေဖြင့်သာ ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။

အီတလီကလပ်ဘက်က ပေါင် ၁.၅သန်းနဲ့ စာချူပ်ဖျက်သိမ်းဖို့ လုပ်ဆောင်နေသလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

အာရွန်ရမ်ဆေးက ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့လိုနေတာဖြစ်ပေမဲ့ သူ့အနာဂတ်နဲ့ပတ်သတ်လို့ ရေရာမှု မရှိသေးတာ ဖြစ်ပါတယ်။ 

#ဂျူဗင်တပ်စ် #ရမ်ဆေး