ရှေ့သို့
Image

မန်စီးတီးမှာ ဟာလန်းတောက်ပလိမ့်မယ်လို့ အသင်းဖော်သစ် ကယ်ဗင်ဖီးလစ် ထောက်ခံပြောကြား

9:38 AM, 21 July

မန်စီးတီးကစားသမားသစ် ကယ်ဗင်ဖီးလစ်က အသင်းဖော် ဟာလန်းဟာ စီးတီးအသင်းမှာ တောက်ပနိုင်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အဆိုပါကစားသမား ၂ ဦးဟာ အခုနွေရာသီတုန်းက စီးတီကိုပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပြီး ဟာလန်းက ဒေါ့မွန်ကနေရောက်လာခဲ့တာဖြစ်ကာ ဖီးလစ်က လိဒ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

၂ ဦးစလုံးက လိဒ်မှာမွေးဖွားခဲ့ကြတာဖြစ်ပေမယ့် ဟာလန်းကတော့ နော်ဝေအသင်းကိုသာ ကိုယ်စားပြုကစားခဲ့ပါတယ်။

ဖီးလစ်က ဟာလန်းဟာ စီးတီးကို နောက်တစ်ဆင့်ခေါ်ဆောင်ပေးနိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။ “လက်ရှိအချိန်မှာ သူ့မှာယုံကြည်မှုအပြည့်ရှိနေတယ်လို့ ထင်ပါတယ်။ သူက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးပါ။

လေ့ကျင့်ခန်းဆင်းတာကိုကြည့်ရင်ဖြစ်ဖြစ် သူက စီးတီးကို နောက်တစ်ဆင့်ခေါ်ဆောင်ပေးနိုင်မယ့်သူပါ။ ကျွန်တော်တို့ လိဒ်အကြောင်းပြောဖြစ်ပါတယ်။ အရင်က သူနဲ့ ကျွန်တော်မဆုံဖူးပါဘူး။ ဒါပေမယ့် သူက ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဆိုတာ ကျွန်တော်သိထားပါတယ်”လို့ ဖီးလစ်ကက ပြောကြားခဲ့ပါတယ်။

ရာဖင်ဟာထွက်ခွာခဲ့တာကြောင့် ဖီးလစ်တစ်ယောက် လိဒ်မှာဆက်နေဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့သေးတာဖြစ်ပါတယ်။

စီးတီးအသင်းက ချိတ်ဆက်လာချိန်မှာတော့ ဖီးလစ်တစ်ယောက် မငြင်းဆန်နိုင်ပဲ ပြောင်းရွှေ့ခဲ့ပါတယ်။ “စီးတီးက စိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေ ထွက်လာချိန်မှာ ကျွန်တော် အသင်းပြောင်းချင်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ပက်လက်အောက်မှာ အလုပ်လုပ်ချင်တာကြောင့်ပါ။ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲတစ်ဦးပါ။ သူ့ဆီကနေ ကျွန်တော်အများကြီးသင်ယူချင်ပါတယ်။

စာချုပ်သက်တမ်း ၁ နှစ်ကျန်သေးတယ်လို့ ကျွန်တော်သိထားပါတယ်။ တစ်နှစ်တည်းမဟုတ်လောက်ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူ့ဆီကနေ ကျွန်တော်အများကြီးသင်ယူချင်ပါသေးတယ်”လို့ ဖီးလစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #ကယ်ဗင်ဖီးလစ်