ရှေ့သို့
Image

Tour ခရီးစဉ်အတွင်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် လန်ဒန်ကို ပြန်လာခဲ့ရတဲ့ ဘစ်ဆူးမားနဲ့ ဖော်စတာ

2:04 PM, 20 July

တော့တင်ဟမ် ကစားသမားသစ် ၂ ဦးဖြစ်တဲ့ ဘစ်ဆူးမား နဲ့ ဖော်စတာတို့ဟာ ကိုဗစ်စစ်ဆေးရာမှာ ပိုး တွေ့ရှိခဲ့တာကြောင့် လန်ဒန်ကို ပြန်လာခဲ့ရပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက တော့တင်ဟမ် အသင်းဟာ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ထွက်ခွာခဲ့တာဖြစ်ပြီး ဘစ်ဆူးမားနဲ့ ဖော်စတာတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

လန်ဒန်ကနေ မထွက်ခွာခင် ကိုဗစ်စစ်ဆေးရသလို တောင်ကိုရီးယားကိုရောက်ရှိပြီး ၇၂ နာရီအတွင်းမှာလည်း ကိုဗစ်ပိုးစစ်ဆေးရတာဖြစ်ပါတယ်။ တော့တင်ဟမ် တစ်သင်းလုံးနီးပါး ကိုဗစ်ပိုးစစ်ဆေးခဲ့ရတာဖြစ်ပြီး ဘစ်ဆူးမား နဲ့ ဖော်စတာတို့ ၂ ယောက် ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါကစားသမား ၂ ဦးဟာ ဟော်တယ်မှာ ၇ ရက်တာ isolate နေခဲ့ရပြီး အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းခွင့်မရခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းကစားသမားတွေဟာ ယူကေကို ထွက်ခွာသွားခဲ့ပေမယ့် ဘစ်ဆူးမား နဲ့ ဖော်စတာတို့ ၂ ဦးဟာ တောင်ကိုရီးယားမှာကျန်ခဲ့ရပါတယ်။ အဲ့နောက်မှာမှ ထွက်ခွာခဲ့ရတာဖြစ်ပြီး ကစားသမားအသစ် ၂ ဦးဖြစ်တဲ့ စပန်ဆီ နဲ့ လန်ဂလက်တို့ကလည်း ဒီနေ့မှာ တော့တင်ဟမ်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

ဆီဗီလာအသင်းကို ၁-၁ သရေကျခဲ့တဲ့ပွဲအပြီးမှာ ကွန်တီက ဘန်ဒေးဗီးစ် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ဘစ်ဆူမား နဲ့ ဖော်စတာတို့ ကိုဗစ်ပိုးတွေ့ခဲတယ်လို့ဆိုခဲ့ကာ ကျန်ကစားသမားတွေက အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘစ်ဆူးမား နဲ့ ဖော်စတာတို့ ၂ ဦးဟာ အခုအပတ်မှာကစားမယ့် ရိန်းဂျားစ်အသင်းနဲ့ ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။

#တော့တင်ဟမ် #ဖော်စတာ #ဘစ်ဆူးမား