ကစားသမားသစ် ရာဖင်ဟာ ဂိုးသွင်းပြီး အင်တာမီယာမီကို ၆ဂိုးပြတ် အနိုင်ယူပြခဲ့တဲ့ ဘာစီလိုနာ
8:43 AM, 20 July
ဘာစီလိုနာ ကစားသမားသစ် ရာဖင်ဟာကတော့ အသင်းအတွက် ပထမဆုံး ပွဲထွက်မှုမှာတင် ဂိုးသွင်းသွားနိုင်ခဲ့သလို ဘာကာကလည်း ၆ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ယမန်နေ့က လီဝန်ဒေါ့စကီးကို ဘာစီလိုနာက တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် တိုက်စစ်မှူး အူဘာမီယန်းဟာ သူ့ရဲ့နေရာမပျောက်စေဖို့အတွက် ခြေစမ်းပွဲ၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ၆မိနစ်အကြာမှာပဲ ရာဖင်ဟာက ပွဲဦးထွက် ပထမဆုံး သွင်းဂိုးကို မြေမကျကန်ချက်နဲ့ လှလှပပ သွင်းယူပြသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာဘဲ ဖာတီက အသင်းအတွက် တတိယဂိုးသွင်းခဲ့လို့ ဘာကာတို့ ပထမပိုင်းအပြီး ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ လူစာရင်းအပြောင်းအလဲ လုပ်ခဲ့ပေမဲ့ ဘာကာရဲ့ ခြေစွမ်းက ကျမသွားခဲ့ဘဲ ပွဲစပြီး သိပ်မကြာခင်မှာတင် ဂါဗီက စတုတ္ထမြောက်ဂိုး သွင်းယူခဲ့ပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ ဘာကာတို့ ၅ဂိုးနဲ့ ၆ဂိုးမြောက် သွင်းဂိုးတွေကို သွင်းယူခဲ့ပြီး အဆိုပါဂိုးတွေကိုတော့ ဒီပေးနဲ့ ဒမ်ဘီလီတို့က သွင်းပေးခဲ့တာ ဖြစ်ပါတယ်။
ယခုပွဲက ဘာကာအတွက် အရေးပါတဲ့ပွဲမဟုတ်ခဲ့ဘဲ လီဝန်ဒေါ့စကီးကလည်း ဘာကာဂျာစီနဲ့ ကွင်းဘေးမှာ မြင်တွေ့ခဲ့ရပေမဲ့ ဝင်ကန်တာတော့ မတွေ့ခဲ့ရပါဘူး။ ဘာစီလိုနာ အသင်းဟာ ယခုအပတ်အကုန်မှာ လာလီဂါပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။