ရှေ့သို့
Image

အီဒါဆန်တောင် ဂိုးတိုင်ဘေးကပ်ထိုင်နေရလောက်အောင် ဂိုးသွင်းကောင်းကြတဲ့ ဟာလန်းနဲ့ အယ်ဗာရက်ဇ်

8:44 AM, 19 July

အီဒါဆန်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ပေမဲ့ မန်စီးတီး လေ့ကျင့်ရေးကွင်းမှာ ဟာလန်း၊ အယ်ဗာရက်ဇ်တို့နဲ့ တွေ့ချိန်မှာတော့ သာမန်ဂိုးသမားတစ်ယောက်သာ ဖြစ်သွားခဲ့ပါတယ်။

ယခုနှစ်နွေရာသီကတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအတွက် အလုပ်များတဲ့ နွေရာသီတစ်ခု ဖြစ်နေပါတယ်။

ဂျူလီယံ  အယ်ဗာရက်ဇ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ခေါ်ယူခဲ့ကာ အသင်းဟောင်းကို ပြန်လည်အငှားချခဲ့သလို ဟာလန်းကိုလည်း ပေါင် ၅၁.၂သန်းနဲ့ ဒေါ့မွန်ကနေ ခေါ်ယူထားခဲ့ပါတယ်။

မန်စီးတီးတို့ လာမယ့်ရာသီအတွက် တိုက်စစ်ပိုင်း အားဖြည့်နေတယ်ဆိုတာကို စီးတီးဂိုးသမားတွေလည်း သိရှိထားပြီး ဖြစ်ပါတယ်။

မန်စီးတီးတရားဝင် တွစ်တာအကောင့်မှာ တင်ထားတဲ့ ဗီဒီယိုထဲ ဟာလန်းနဲ့ အယ်ဗာရက်ဇ်တို့ဟာ ဂိုးရှေ့မှာ လုံးဝမညှာပဲ အီဒါဆန်ကို နည်းမျိုးစုံနဲ့ ဂိုးသွင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

တစ်ကြိမ်မှာဆိုရင် အီဒါဆန်တစ်ယောက် ဂိုးဘေးမှာ ကပ်ထိုင်နေကာ ဂိုးတွေတောက်လျောက်ဝင်နေတာကို မျက်နှာငယ်လေးနဲ့ ကြည့်နေရတဲ့ပုံကို မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါပို့စ်ရဲ့ ကွန်မန့်မှာတော့ အီဒါဆန်အပေါ် စာနာမှုရှိတဲ့ ပရိသတ်တွေရဲ့ ကွန်မန့်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ပရိသတ်၁ဦးက “အီဒါဆန် အရက်သောက်ထားတဲ့ ၄မိနစ်လောက်ကို ရိုက်ပြထားတာဖြစ်မယ်”လို့ ရေးခဲ့ပါတယ်။

နောက်တစ်ဦးက “ကင်မရာမန်းက အီဒါဆန်ကို တမင်ဆွဲထည့်ထားတာလား။ ဒါမှမဟုတ် တကယ်ကြီး သူတစ်လုံးမှ မကာကွယ်နိုင်တာလား”လို့ ဆိုပါတယ်။

နောက်တစ်ယောက်ကလည်း ဟာလန်း ဂိုးသွင်းပြီးချိန် စီးတီးကစားသမားတွေက နော်ဝေသားအတွက် သီချင်းဆိုနေတာကို သတိပြုမိခဲ့ပါတယ်။

ပြီးခဲ့တဲ့လ နော်ဝေအသင်း ဆွီဒင်ကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် ဟာလန်းဟာ အဝတ်လဲခန်းထဲ Der Haaland ဆိုတဲ့ သီချင်းနဲ့ ကနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဟာလန်းဟာ သြဂုတ်လ ၇ရက်နေ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ မန်စီးတီးအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားပေးသွားဖို့ ရှိနေပါတယ်။



#မန်စီးတီး #ဟာလန်း #အီဒါဆန် #ဂျူလီယန်အယ်ဗာရက်ဇ်