ရှေ့သို့
Image

ကူလီဘာလေကို ခေါ်ယူလိုက်နိုင်တဲ့အပေါ် ချဲလ်ဆီး ကစားသမားတွေရဲ့ တုံ့ပြန်မှုကို ပြေပြာလာတဲ့ တူချယ်

2:28 PM, 18 July

ချဲလ်ဆီး အသင်းရဲ့ နည်းပြ သောမက်စ် တူချယ်က နာပိုလီ အသင်းဆီကနေ ကူလီဘာလေကို ခေါ်ယူလိုက်နိုင်တာက ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုဖြစ်ပြီး သူ့ရဲ့ ထက်မြတ်တဲ့ အရည်အသွေးတွေနဲ့ အတွေ့အကြုံတွေကို စတမ်းဖို့ဒ် ဘရစ်ချ်ဆီသို့ ယူဆောင်လာပေးမှာ ဖြစ်တယ်လို့ ယုံကြည်နေတာပါ။


အနောက် လန်ဒန်ကလပ် ချဲလ်ဆီးက ဆီနီဂေါလ် လက်ရွေးစင် ကစားသမား ကူလီဘာလေ အတွက် ပြီးခဲ့တဲ့ စနေနေ့မှာ ပေါင် ၃၃သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကူလီဘာလေက နာပိုလီအသင်းမှာ ၁၀စုနှစ် တစ်ခုစာလောက် အတွင်း ပွဲပေါင်း ၃၁၇ ပွဲကစားကာ စီးရီးအေရဲ့ အကောင်းဆုံး နောက်ခံ လူတွေထဲက တစ်ယောက်အဖြစ် သက်သေ ပြထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။


၂၀၂၁-၂၂ ရာသီ အပြီး၌ အသင်းကနေ အားထားရတဲ့ နောက်တန်း ကစားသမားတွေ ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ ထွက်ခွာ သွားတာကြောင့် တူချယ်အနေနဲ့ ခံစစ် ဖြည့်တင်းမှုကို အရေးပေါ် အနေနဲ့ အဓိက လုပ်ဆောင် လိုက်ရတာဖြစ်ပါတယ်။


ချဲလ်ဆီး အသင်းဆီကို ပြောင်းရွှေ့လာတဲ့ ကူလီဘာလေနဲ့ ပတ်သတ်လို့ ချဲလ်ဆီး နည်းပြ တူချယ်က“ကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ နောက်တန်းကစားသမား ၃/၄ယောက်ထဲမှာ ကူလီဘာလေက အတွေ့အကြုံ ကောင်းတွေနဲ့ ထိပ်တန်း ခံစစ် အရည်သွေးတွေ ပေါင်းစပ်ထားတဲ့ ခံစစ်ကစားသမားကောင်းတစ်ယောက်ပါ။”


“သူက အသင်းမှာရှိတဲ့ ကစားသမား အချို့နဲ့ သိနေပြီးသားဖြစ်ပါတယ်။ ဒါကပဲ ကူလီဘာလေ အနေနဲ့ အသင်းမှာ အမြန် အံဝင်သွားဖို့ အထောက်အကူဖြစ်စေမှာပါ။ ကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့ တစ်ခုဖြစ်လာပြီး သူရောက်ရှိလာတဲ့ အပေါ် အသင်းမှာရှိတဲ့ ကစားသမားတွေ အနေနဲ့လည်း ပျော်ရွှင်နေကြပါတယ်” လို့ ပြောကြားထားပါတယ်။


ကူလီဘာလေရဲ့ ဆီနီဂေါလ်အသင်းဖော်ဟောင်း ချဲလ်ဆီးဂိုးသမားမန်ဒီကလည်း “ကျွန်တော် ကူလီဘာလေနဲ့ သိခဲ့တာ အချိန် တစ်ခု ကြာခဲ့ပါပြီ။ နိုင်ငံအသင်းမှာ ကျွန်တော် ပထမဆုံး ရွေးချယ်ခြင်းခံရတော့ ကျွန်တော့ကို အဦးဆုံး ကြိုဆိုခဲ့တဲ့သူက သူပါပဲ။ သူနဲ့ တစ်ခန်းထဲမှာ အတူ တွေ့ဆုံပြီး စကားပြောဆိုခွင့် ရတာက အံ့အား သင့်စရာ ကောင်းခဲ့ပါတယ်။”


“ကွင်းထဲက သူခြေစွမ်းနဲ့ ပတ်သတ်လို့ ပြောဆိုရမယ်ဆိုရင် သူကွင်းထဲဝင် ကစားတဲ့ အခါ အသင်းရဲ့ ပရိတ်သတ်တွေ အနေနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်ကို ပိုင်ဆိုင် ကြရမှာပါ။”“သူက အဝတ်လဲခန်းထဲမှာလည်း စကားပြောကောင်းသူဖြစ်ပြီး လူတွေ သိပြီဖြစ်တဲ့ အတိုင်း ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်ပါတယ်။”


“နှစ်တိုင်း နှစ်တိုင်းမှာ ချဲလ်ဆီး အသင်းက ကူလီဘာလေနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို မီဒီယာတွေ အထက်မှာ မြင်တွေ့နေရတာ ဖြစ်ပြီး အခုတော့ သူရောက်ရှိလာပြီဖြစ်လို့ ပျော်နေပါတယ်” လို့ ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ ကူလီဘာလေက ဒီရာသီ ချဲလ်ဆီးအသင်းခေါ်ယူထားတဲ့ အိုမာရီဟတ်ချင်ဆန် နဲ့ စတာလင်တို့ ပြီးနောက် တတိယမြောက် ခေါ်ယူမှု လည်းဖြစ်ပါတယ်။ 

#ချဲလ်ဆီး #တူချယ် #ကူလီဘာလေ