ရှေ့သို့
Image

ယူနိုက်တက် အသင်းဆီသို့ အဲရစ်တန်ဟတ် ရောက်ရှိလာပြီးနောက် လန်းဆန်းတက်ကြွနေတဲ့ ဒီယေဂိုဒါလော့

12:35 PM, 18 July

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်တန်ဟတ်က ဆွဲဆောင်မှုရှိကာ ကွဲပြားတဲ့ ကစားပုံကို ယူဆောင်လာခဲ့ခြင်းနဲ့ အတူ အသင်းမှာရှိတဲ့ ကစားသမားတွေက ပြီးခဲ့တဲ့ရာသီ၌ ရုန်းကန်ခဲ့ရမှုတွေကို ကျော်လွှားကာ တိုးတက်မှုတွေ ရှိလာပြီဖြစ်တယ်လို့ ဒီယေဂိုဒါလော့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အိုလီဂန်နာဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် နောက်ရာသီမှာ ရော်နယ်ဒို၊ ဆန်ချိုနဲ့ ဗာရန်းတို့ကို ခေါ်ယူလိုက်ပြီးနောက် ပိုမိုဆိုးရွားမှုတွေနဲ့သာ ကြုံတွေ့ ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ယခုအချိန်မှာတော့ ယူနိုက်တက်အသင်းက အဲရစ်တန်ဟတ်ကို နည်းပြခန့်အပ်လိုက်ပြီးနောက် ဒါလော့ ပြောဆိုထားတာက“ကောင်းမွန်တဲ့ အသေးစိတ်အကြောင်းအရာတွေကအစ သေချာလေ့ကျင့်နေရတာဖြစ်ပြီး ဒီလိုအကြောင်းသေးသေးလေးတွေကပဲ ရေရှည်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေမှာ ဖြစ်ပါတယ်” “ကျွန်တော်တို့ ကစားသမားအားလုံးက နည်ပြရဲ့ ညွှန်ပြချက်တွေနဲ့ လိုက်လျောညီထွေမှု ရှိအောင် ကစားပေးနိုင်ကြပြီး တိုးတက်မှုတွေရှိလာအောင်လည်း ကြိုစားနေကြပါတယ်” “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့အသင်းအနေနဲ့ မတူညီတဲ့ ဘောလုံးရာသီအမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရတာဖြစ်ပြီးနောက် အသင်းကိုပြန်လည် တည်ဆောက်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်” “ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းညံ့ဖျင်းမှုတွေရှိခဲ့တာက လာမဲ့ရာသီမှာ ပိုမိုတိုးတက်ကောင်းမွန် လာအောင်ပြုလုပ်ရမယ်ဆိုတဲ့ အသိကို ဖြစ်ပေါ်စေပါတယ်” “ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာက ဝန်ထမ်းအသစ်၊ နည်းပြသစ်နဲ့ အကြောင်းအရာသစ်တွေ ဖန်တီးသွားနိုင်ဖို့ ရည်ရွယ်လျက်ရှိတယ်ဆိုကာ မြင်သာနေပြီး ဒါက အသင်းအနေနဲ့ တိုးတက်လာအောင် လုပ်ဖို့ ကောင်းမွန်ပါတယ်”

“နည်းပြဖြစ်တဲ့ အဲရစ်တန်ဟတ်က တက်ကြွပြီး တိုက်စစ်အားသန်တဲ့ နောက်တန်းအစွန် ကစားသမားတွေကို နှစ်သက်လေ့ရှိသူဖြစ်ပြီး ပြိုင်ဘက်အသင်းခြေထဲမှာ ဘောလုံးပေး မကစားလိုဘဲ ဘောလုံးကို ပြန်လည်ရရှိအောင် တရဆက်ဖိအာပေးကစားတဲ့ ခေတ်သစ် ဘောလုံးနည်းစနစ်တွေနဲ့ ကိုက်ညီမှုရှိတဲ့ ကစားဟန်မျိုးကို ကစားလိုတာပါ” “နောက်တန်းအစွန် ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ရှေ့မှာရှိတဲ့ တောင်ပံတိုက်စစ် ကစားသမားအပြင် ကိုယ့်ဘေးမှာ ရှိနေတဲ့ ကွင်းလယ်ကစားသမားတွေနဲ့ပါ တွဲဖက်ပြီး တစ်ဦးနဲ့ တစ်ဦး ပူးပေါင်းကစားသွားရမှာဖြစ်ပါတယ်”

“ကျွန်တော်က မကြာခဏခြေစွမ်းအတက်အကျ ဖြစ်နေရတာကို မလိုလားဘဲ ၁% နှုန်းပဲဖြစ်နေရင်တောင် ဖြေးဖြေးခြင်းတိုးတက်သွားနေချင်တာပါ” “ရာသီတိုင်းမှာ လုပ်သင့်တာတွေကို လုပ်ဆောင်ပြီး တိုးတက်မှုရှိနေအောင် ကြိုးစားနေတာပါ။ လာမဲ့ရာသီမှတော့ နည်းပြသစ်နဲ့ အသင်းဖော်တွေရဲ့ ကူညီပံ့ပို့ ပေးမှုနဲ့အတူ ပိုမိုတိုးတက်လာမယ်လို့ ထင်ပါတယ်” “အပြန်အလှန်အနေနဲ့ ကစားဖော်တွေကိုလည်း ပြန်လည်ကူညီပေးသွားမှာဖြစ်ပြီး အသင်းကို လည်း ဆုဖလားတွေ ရယူပေးချင်ပါတယ်” “ဒါက ကျွန်တော်တို့အသင်းရဲ့ မျှော်လင့်ချက်ဖြစ်ပြီး ရာသီပြီးဆုံးတဲ့အခါ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပရိသတ်တွေ အတွက် အောင်မြင်မှုတွေ ရယူပေးသင့်နေပြီလည်း ဖြစ်ပါတယ်”

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #တန်ဟတ်