ရှေ့သို့
Image

လူငယ်ကွင်းလယ်လူ ဂယ်လာဟာ ကို ချီးကျူးပြောကြားလိုက်တဲ့ တူချယ်

12:30 PM, 18 July

ချဲလ်ဆီးအသင်းဟာ ရာသီကြိုပွဲစဉ်အဖြစ် ကလပ်အမေရိက အသင်းနဲ့ အမေရိကန်နိုင်ငံမှာ ကစားပြီး နိုင်ပွဲရရှိခဲ့ပါတယ်။ ထိုပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်မှာ အင်္ဂလန်သား ဂယ်လာဟာ,ဟာပါဝင် ကစားပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အမေရိကန် လက်စ်ဗီးဂတ်မြို့ရှိ အယ်လီဂျိုင်းယန့်ကွင်းမှာ ကလပ်အမေရိက အသင်းနဲ့ ကစားပြီး အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲမှာ ကွင်းလယ်ကစားသမားဂယ်လာဟာပါဝင်ကစားခဲ့ပြီး နည်းပြတူချယ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ ထိုပွဲမှာ ချဲလ်ဆီးဟာ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး တီမိုဝါနာနှင့် မေဆင်မောင့်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

ဂျာမန်သားနည်းပြတူချယ်ကတော့ ရယ်လာဟာကို ချီးကျူးလိုက်ပြီး မနှစ်က ကစားသမားကို ခရစ်စ္စတယ်ပဲလေ့ အသင်းထံ အငှားချလိုက်တာက ကစားသမားရဲ့ အရည်အသွေးကို တဆင့်တက်အောင် ပြုလုပ်ပေးလိုက်တာဖြစ်လို့ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာလည်းမှန်ကန်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

ဂယ်လာဟာနဲ့ပတ်သက်လို့ တူချယ်ရဲ့ မှတ်ချက်"ကော်နာက လေ့ကျင့်ရေးမှာတောင် တကယ်အဆင့်အတန်းမြင့်မြင့်ပြုလုပ်နိုင်သူပါ။ ဒါကြောင့် သူ့ကို အငှားချခဲ့တဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်ဆိုတာ သိနိုင်ပါတယ်။ သူကပဲလေ့မှာ ကောင်းကောင်းတိုးတက်အောင် ပြုလုပ်နိုင်ခဲ့ပြီး အင်္ဂလန်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်" "ဒီပွဲကသူ့အတွက် ကောင်းမွန်တဲ့အစလည်း ဖြစ်ပါတယ်။ သူ့အတွက်လည်း ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ အခုသူ့အနေနဲ့ အသင်းရဲ့ အခြေခံသဘောတရားကို အသားကျလာဖို့ပဲ လိုပါတယ်။ ဘယ်အချိန်မှာ လှုပ်ရှားရမယ် ဘယ်အချိန်မှာ ငြိမ်ရမယ်ဆိုတာ သိဖိုလိုပါတယ်။ သူ့ရဲ့လုပ်အားနှုန်းက အရမ်းကောင်းပါတယ်။ သူဟာ ကျွန်တော်တို့အတွက် တန်ဖိုးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်"လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #ဂယ်လာဟာ