ရှေ့သို့
Image

ယူနိုက်တက်ကနေ ပြောင်းရွှေ့ချင်နေတဲ့ ရော်နယ်ဒိုကို အသင်းမှာသာ ဆက်နေသွားဖို့ တိုက်တွန်းလိုက်တဲ့ နာနီ

11:17 AM, 18 July

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံမှာ ခြေစွမ်ကောင်းတွေ ဆက်တိုက်ပြသ ထားနိုင်ခဲ့တဲ့ ကစားသမားဟောင်း လူးဝစ်စ်နာနီက အသင်းဖော်ဟောင်း ရော်နယ်ဒို အနေနဲ့ ယူနိုက်တက် အသင်းတွင်သာ ဆက်ကစားဖို့ရန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုပြီးတဲ့နောက် ရော်နယ်ဒိုက ယူနိုက်တက် အသင်းရဲ့ ရာသီကြို ခြေစမ်း ခရီးစဉ်ဖြစ်တဲ့ ထိုင်းနဲ့ ဪစတြေးလျ နိုင်ငံတွေဆီကို မိသားစု အရေးကစ္စကို အကြောင်းပြကာ လိုက်ပါခဲ့ခြင်း မရှိသေးတာ ဖြစ်ပါတယ်။


ယူနိုက်တက်ဘက်က ရော်နယ်ဒိုအား ရောင်းချသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားပြီး ဖြစ်သလို့ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေကလည်း အသက် ၃၇နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်လိုက်ကြပါတယ်။ ယူနိုက်တက်နဲ့ နိုင်ငံ အသင်းဖော်ဟောင်း ဖြစ်သလို ရော်နယ်ဒိုနဲ့ ရင်းနှီးခင်မင်တဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ နာနီက ရော်နယ်ဒို အနေနဲ့ အို့ထရက်ဖို့ဒ်တွင်သာ ဆက်နေစေလို တာဖြစ်ပြီး ဖုန်းအဆက်အသွယ်တော့ ပြုလုပ်၍ မရသေးကြောင်း သိရပါတယ်။


နာနီက သောကြာနေ့ညမှာ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ရာသီ ခြေစမ်းပွဲစဉ်၌ လူစားဝင်ကစားကာ မဲလ်ဘုန်းဗစ်ထရီ အသင်းအတွက် ပွဲဦးထွက် ကစားခွင့် ရရှိခဲ့တာပါ။ အဆိုပါ ခြေစမ်းပွဲစဉ်မှာတော့ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက နာနီရဲ့ မဲလ်ဘုန်းဗစ်ထရီ အသင်းကို ၄ဂိုး - ၁ဂိုး နဲ့ အနိုင် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော့ သဘောကတော့ သူ့အနေနဲ့ ယူနိုက်တက်မှာပဲ ဆက်နေသွားဖို့ မျှော်လင့်ပါတယ်။ သူက အသင်းအတွက် အရေးကြီးတဲ့၊ ကစားပွဲတွေကို ခြားနားသွားအောင် ပြုလုပ်ပေးနိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် သူသာ အသင်းမှာ ဆက်နေပါက အသင်းအတွက် အကူအညီများစွာဖြစ်စေမှာပါ။”


“ယူနိုက်တက်အသင်းနဲ့ ပြန်လည်ယှဉ်ပြိုင်ကစားရတာက ကျွန်တော့စိတ်ကို တစ်စုံတစ်ခု ခံစားရစေပါတယ်။” “ယူနိုက်တက်လိုအသင်းက သူတို့အသင်းရှိသင့်တဲ့ နေရာကို ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း လူးဝစ်နာနီက ပြောဆိုခဲ့တာဖြစ်ပါတယ်။ နာနီက ယူနိုက်တက်အသင်းနဲ့ အတူ ဆုဖလားအောင်မြင်မှု ၁၂ကြိမ်အထိရယူနိုင်ခဲ့သူဖြစ် ပြီး ၂၀၁၅ခုနှစ်မှာတော့ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့သူလည်းဖြစ်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #နာနီ #ရော်နယ်ဒို #တန်ဟတ်