ရှေ့သို့
Image

အားလပ်ရက်တုန်းက ကလပ်မှာ ကဲနေတဲ့ ရီစီဂျိမ်းစ်နဲ့ မေဆင်မောင့်တို့ရဲ့ ပုံကိုတင်ပြီး ဆေးထိုးလိုက်တဲ့ ချီဝဲလ်

10:32 AM, 18 July

ဘန်ချီဝဲလ်ဟာ အားလပ်ရက် LAက ကလပ်မှာ ကဲနေတဲ့ ရီစီဂျိမ်းစ်နဲ့ မေဆင်မောင့်တို့ရဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ပြန်ဖျက်သွားခဲ့ပါတယ်။ ပုံထဲမှာတော့ မေဆင်မောင့်က ပလက်စတစ်ခွက် အသေးတစ်ခွက် ကိုင်ထားပြီး ရီစီဂျိမ်းစ်ကတော့ လက်ခလယ်ထောင်ပြနေတာကို တွေ့ခဲ့ရပါတယ်။

 

ဘာလို့ ပြန်ဖျက်လိုက်လဲဆိုတာ မသိရသေးပေမဲ့ အဆိုပါပုံက ချီဝဲလ်ရဲ့ wallပေါ်မှတော့ မရှိတော့တာ တွေ့ရပါတယ်။ မေဆင်မောင့်က ဘက်စ်ကတ်ဘော အင်္ကျီ ဝတ်ဆင်ထားပြီး အမဲရောင် ဂျင်းဘောင်းဘီမှာ NY လိုဂို၂ခုကို မြင်ခဲ့ရပါတယ်။

 

ဂျိမ်းစ်ကတော့ အင်္ကျီ အဖြူရောင်၊ ဂျင်းဘောင်းဘီ အပြာရောင် ဝတ်ဆင်ထားပြီး ချဲလ်ဆီး အသင်းဖော်ကို ဖက်ထားတာ မြင်တွေ့ရပါတယ်။ ၂ယောက်စလုံး ပြုံပျော်နေတာကိုလည်း မြင်ရပြီး ဓာတ်ပုံရဲ့နောက်ဘက်မှာ ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတွေကိုလည်း တွေ့မြင်နေရပါတယ်။

 

ချဲလ်ဆီး ကစားသမားတွေဟာ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ် အတွက် အမေရိကန်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ယမန်နေ့ မနက်ကတော့ ကလပ် အမေရိက အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာမှာ ချဲလ်ဆီးက ၂-၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

အဆိုပါ ပွဲစဉ်မှာ ရီစီဂျိမ်းစ်က ဆိုးရွားတဲ့ ကိုယ့်ဂိုး ကိုယ်သွင်းမှုကို ပြုလုပ်သွားခဲ့ပေမဲ့ မေဆင်မောင့်က အသင်းအတွက် အနိုင်ဂိုးကို အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းပြခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ ချာလော့တီ FC၊ အာဆင်နယ်တို့နဲ့ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားသွားဖို့ ရှိနေပါတယ်။

#ချဲလ်ဆီး #ချီဝဲလ် #ရီစီဂျိမ်းစ် #မေဆင်မောင့်