ရှေ့သို့
Image

ရာဖင်ဟာအတွက် သဘောတူညီမှုတွင် စာချုပ်ပါ သီးသန့်အချက်ထည့်သွင်းလိုက်တဲ့ လိဒ်ယူနိုက်တက်

4:26 PM, 17 July

ယခုနွေရာသီမှာ ဘာစီလိုနာအသင်းဟာ လိဒ်ယူနိုက်တက် ကစားသမား ရာဖင်ဟာကိုခေါ်ယူနိုင်ဖို့ ကြိုးစားအားထုတ်မှု အများအပြားပြုလုပ်ထားခဲ့ပါတယ်။ ထို့အတူ အသင်းထံကို ခေါ်ယူနိုင်ဖို့လည်း သဘောတူညီမှု ရရှိထားပြီးလည်း ဖြစ်ပါတယ်။ 


ပြောင်းရွေ့ကြေးအတိအကျကို မသိရသေးပေမယ့် များစွာသော ရင်းမြစ်တွေအရတော့ ဘာစီလိုနာအသင်းဟာ ယူရို ၅၅ သန်းကို တခါထဲ ပေးချေရမယ်လို့ သိရပါတယ်။ 

ယခုအချက်ဟာ ပြီးခဲ့တဲ့ ရာသီပြီးဆုံးချိန်မှာ ဘာစီလိုနာအသင်းဟာ အကြွေးယူရို ၁.၃ ဘီလီယံ တင်ရှိနေပြီး ကစားသမားအသစ်ကို စာရင်းသွင်းနိုင်ဖို့ ခက်ခဲခဲ့တာကြောင့် ယခုအချက်ကို လိဒ်အသင်းက ထည့်သွင်းခဲ့တာပါ။ 

ဒီအခြေအနေကြောင့် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားတွေကို ဇွန်လမှာ ဘုတ်အဖွဲ့ရဲ့ သဘောတူညီမှု ရယူကာ ရောင်းရမှာပါ။ 


သို့သော်လည်းပဲ ဘာစီလိုနာအသင်းထံသို့ ကစားသမားရောင်းချလျှင် မည်ကဲ့သို့ ပိုက်ဆံရရှိမည်ကို မသိရသေးပါဘူး။ 

ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ရာဖင်ညာကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရရှိနိုင်ရေးအတွက် အကြောင်းအချက်များစွာရှိနေတာပါ။ 


ဒီအကြောင်းကိုလည်း The Athletic ရဲ့ အစီရင်ခံစာကို Diario AS က ကိုးကားဖော်ပြထားခဲ့ပါတယ်။ 

ဘရာဇီးသားဒန်နီအဲလ်ဗက်က ရာဖင်ဟာကို ဘာစီလိုနာပြောင်းရွေ့ဖို့ အဓိက ဆွဲဆောင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဒီကိုက အဲလ်‌ဗက်ရဲ့ လစာကို လျော့ယူဖို့စီစဉ်လိုက်ပါတယ်။ ထိုပမာဏဟာ ငွေကြေး မီလီယံချီမယ့်ပမာဏ ရှိပါတယ်။


ထို့အတူ လိဒ်ယူနိုက်တက်အသင်းဟာလည်း ဘာစီလိုနာအသင်းထံမှ ငွေကြေးအခြေအနေကို သိရှိနေတဲ့အတွက် သူတို့ရဲ့ ကစားသမားရောင်းချရငွေကို မရရှိမှာဆိုးတဲ့အတွက် ကစားသမားအတွက် ငွေပေးချေမှုကို တကြိမ်ထဲ အပြီးပေးရမယ်လို့ ထည့်သွင်းခဲ့ပြီး တကယ်လို့ ထိုကဲ့သို့ မပေးချေနိုင်ပါက နောက်ထပ် ယူရို ၁၀ သန်းကိုလည်း အပိုထပ်ဆောင်းပေးရမယ်လို့ ထည့်သွင်းထားပါတယ်။ 


ဒီအချက်ဟာ ဥရောပ ကလပ်အသင်းတွေအနေနဲ့ ဘာစီလိုနာအသင်းထံမှ သူတို့ရဲ့ ကစားသမားရောင်းချရငွေကို မရရှိမှာကို မည်မျှ စိုးရိမ်နေတယ်ဆိုတာ ပြသနေတဲ့ အချက်လဲ ဖြစ်ပါတယ်။ 

သို့သော်ဒီပြဿနာက သီးခြားအခြေအနေတရပ်အဖြစ်သာတည်ရှိနေဟန်တူပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါရဲ့ ဘဏ္ဍာရေးစည်းမျည်းကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေခဲ့ရသော်လည်း မနှစ်က အသင်းမှာ ကစားသမားသစ်တွေ ခေါ်ယူဖြည့်တင်းထားနိုင်ခဲ့ပါတယ်။ 

#ဘာစီလိုနာ #အပြောင်းအရွှေ့ #ရာဖင်ဟာ