ရှေ့သို့
Image

အာတီတာက ဘာကြောင့် သူ့ကိုစိတ်ဝင်စားလဲဆိုတာ နဲ့ ဒဏ်ရာအခြေအနေကို ဖေဘီယို ဗီအဲရာ ပြောကြား

9:08 AM, 17 July

ဖေဘီယို ဗီအဲရာက သူ့ရဲ့စွယ်စုံရတဲ့အခြေအနေဟာ အာတီတာကို ဆွဲဆောင်စေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ကာ ပေါ်တိုစတားဟောင်းဟာ တစ်နေရာတည်းကစားရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပေါင် ၃၄ သန်းနဲ့ ပေါ်တိုကစားသမားဟောင်းကို ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ပေါ်တိုအသင်းကို ချန်ပီယံဖြစ်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အိုဒီဂတ် နဲ့ စမစ်ရိုတို့ ၂ ဦးတည်းသာ ရုန်းနေရတဲ့ကွင်းလယ်ကို ထပ်မံအားဖြည့်လိုက်တာဖြစ်ပါတယ်။

နော်ဝေသားဟာ ဒီရာသီမှာ အသင်းခေါင်းဆောင်ဖြစ်လာဖွယ်ရှိနေပြီး ဗီအဲရာက deeper role နေရာမှာ ကစားရဖွယ်ရှိနေပါတယ်။

“နည်းပြက ကျွန်တော်နံပါတ် ၈ နဲ့ နံပါတ် ၁၀ နေရာမှာ ကစားနိုင်တယ်ဆိုတာ သိပါတယ်။ ဒါ့အပြင် တောင်ပံ ၊ ဘယ်ညာမှာလည်း ကစားနိုင်စွမ်းရှိပါတယ်။

သူတို့က ကျွန်တော်ဟာ စွယ်စုံရကစားသမားဆိုတာ သိပါတယ်။ ကျွန်တော်ကတော့ နံပါတ် ၁၀ နေရာမှာပိုအားသန်တာပါ။ 

ကြီးမားတဲ့စိန်ခေါ်မှုပါ။ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရုပ်ပိုင်းဆိုင်ရာအသားပေးတဲ့လိဂ်ပါ။ ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာသန်မာတဲ့သူမဟုတ်ပါဘူး။ အဲ့တာကြောင့် ကျွန်တော်အလုပ်ကြိုးစားဖို့လိုအပ်ပါတယ်။

ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဉာဏ်နဲ့ကစားရတာက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ပေါ်တူဂီမှာဆို ရုပ်ပိုင်းဆိုင်ရာအသင်းနဲ့ရင်ဆိုင်ရလည်း ပြဿနာမရှိပါဘူး။။

ဒါပေမယ့် ဘောလုံးကျွန်တော့်ဆီလာတဲ့အခါမှာ ကြည့်ရှုပြီး ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို စဉ်းစားပါတယ်”လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်သားဟာ နုရင်ဘတ်ဂျ်အသင်းနဲ့ခြေစမ်းပွဲကို လွဲချော်ခဲ့ပေမယ့် အမေရိကမြေမှာကစားမယ့် အဲဗာတန်နဲ့ပွဲမှာတော့ ပါဝင်လာဖွယ်ရှိနေပါတယ်။

“ဒဏ်ရာပြဿနာက အသေးစားလေးပါ။ အဲ့တာက လွန်ခဲ့တဲ့ ၁ လလောက်တုန်းက နိုင်ငံအသင်းနဲ့အတူကစားတုန်းက ရရှိခဲ့တာပါ။

အခုတော့ အဆင်ပြေနေပါပြီ။ ကွျွန်တော် ၁၀၀% တော့ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ပြေးနိုင်နေပါပြီ။ ရက်အနည်းငယ်လောက်ဆို လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာပါ"” လို့ ဗီအဲရာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဗီအဲရာ