ရှေ့သို့
Image

ရန်းနစ်ရဲ့ လက်အောက် ယူနိုက်တက်ကစားသမားတွေအနေနဲ့ ကြံ့ခိုင်မှု လုံလောက်ခြင်းမရှိခဲ့ဘူး လို့ ဝန်ခံလိုက်တဲ့ အီလန်ဂါ

8:55 AM, 17 July

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကွင်းလယ်လယ်ကစားသမားလေး အီလန်ဂါက နည်းပြသစ်တန်ဟတ်လက်ထက်မှာ အသင်းက ကြံ့ခိုင်မှု ပိုမိုကောင်းမွန် လာတဲ့ အကြောင်းနဲ့ ဆက်စပ်လို့ပြောပြလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ နည်းပြဟောင်း ရန်းနစ်က ယူနိုက်တက်အသင်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ဖိအားပေးကစားတဲ့ ပုံစံမျိုးတွေနဲ့ ပရီးမီးယားလိဂ်အင်အားကြီး အသင်းတစ်သင်းအဖြစ်ကို ပြောင်းလဲဖို့ ဆန္ဒရှိတာဖြစ်ပေမဲ့ ကစားသမားတွေနေနဲ့ နည်းပြလိုချင်တဲ့ ကြံ့ခိုင်မှုအပိုင်းမှာ လုံလောက်ခြင်း မရှိခဲ့ဘူးလို့ ဝန်ခံစကားပြောဆိုလာပါတယ်။

ဒါပေမဲ့ တန်ဟတ်လက်အောက်မှာတော့ လီဗာပူးအသင်းနဲ့ မဲလ်ဘုန်းဗစ်ထရီအသင်း တို့ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေ၌ ယူနိုက်တက်အသင်းက ဖိအားပေးကစားတဲ့ပုံစံကို အသက်သွင်းလာနိုင်ပြီဖြစ်တယ်လို့ ပြောဆိုထားတာပါ။

“ပြီးခဲ့တဲ့ရာသီမှာတုန်းက ကျွန်တော်တို့လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိခဲ့ကြဘူးဆိုတာသိပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ အသင်းလိုက်ကစားပုံတွေ၊ ဘောလုံးနဲ့ အတူ ပြေးလွှားဆော့ကစားပုံနဲ့ ဘောလုံးမရှိတဲ့အချိန်မှာ ပြေးလွှားနေရာယူတဲ့ ပုံစံတွေမှာ သိသိသာသာတိုးတက်လာပါတယ်”

“ပြိုင်ဘက်အသင်းဆီကို ပြေးလွှားဖိအားပေးနေဖို့ဆိုတာ အရေးကြီးတဲ့ အချက်ပါ။ နည်းပြသစ်က ကျွန်တော်တို့အသင်းဆီကို ဒီကစားပုံကို ယူဆောင်လာခဲ့တာဖြစ်ပြီးတော့ ကျွန်တော်တို့တစ်တွေလည်း သင်ယူမှုတွေ လုပ်နေကြတာပါ”

“လူတိုင်းက ချီးကျူးဖို့ဆန္ဒရှိနေပြီလို့ခံစားရပါတယ်။ ကျွန်တော်တို့အသင်းက နည်းပြသစ်၊ နည်းစနစ်အသစ်၊ ကစားပုံအသစ်တွေနဲ့ ဖြစ်ပြီး ရာသီကြိုခြေစမ်း ပွဲတွေမှာ အသင်းရဲ့ကစားပုံကို လူတိုင်း နှစ်သက်ကြမယ်ထင်ပါတယ်”

“ကျွန်တော့အနေနဲ့လည်း ကိုယ်ပါဝင်ကစားခွင့်ရတဲ့ပွဲကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ဖို့ရန် ဆန္ဒရှိပါတယ်”

“လာမဲ့ရာသီမှာ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ထားနိုင်တာထက် ပိုမိုကောင်းမွန်အောင် ကစားချင်ပါတယ်။ ကျွန်တော့ရဲ့ ကစားပုံကို နောက်တစ်ဆင့်တက်လှမ်း တက်လှမ်းချင်တယ်ဆိုတာက ဂိုးတွေပိုမိုသွင်းယူပြီးတော့ ဂိုးဖန်တီးမှုတွေ အများအပြား ပြုလုပ်ပေးချင်တာပါ”

“ကျွန်တော်က အကယ်ဒမီမှာ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ စတင်စဉ်ကတည်းက ကစားပွဲတွေမှာ ပွဲအဖြေကိုပြောင်းလဲပေးနိုင်တဲ့ ကြောမက်ဖွယ် ကစားသမားအဖြစ် ယူနိုက်တက်အသင်းကြီးရဲ့ စတားတစ်ယောက်ဖြစ်ချင်ခဲ့တာပါ”

“ဒါကကျွန်တော့အတွက်တော့ ရည်းမှန်းချက်တစ်ခုဖြစ်နေပြီးတော့ အကောင်အထည်ဖော်လာနိုင်အောင်လည်း အများကြီးကြိုးစားသွားမှာ ဖြစ်တယ်” လို့ ယူနိုက်တက်လူငယ်ကစားသမားလေး အီလန်ဂါက ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

#မန်ချက်စတာယူနိုက်တက် #အီလန်ဂါ #ရန်းနစ်