ရှေ့သို့
Image

အမေရိကန်ကို ထွက်ခွာမဲ့ အသင်းရဲ့လူစာရင်းမှာ အဓိကကစားသမား ၃ဦးထိ လွဲချော်ဦးမဲ့ မန်စီးတီး

5:39 PM, 16 July


Sportmail ရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းက သူတို့အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်ကို ထွက်ခွာမဲ့ လူစာရင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂမ်ဒိုဂန်၊ ဖိုဒန်နဲ့ ဂျွန်စတုန်းတို့ လွဲချော်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကစားသမား ၃ယောက်က အမေရိကန်ကို ထွက်ခွာတဲ့ ပက်ဂွာဒီယိုလာရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိတာပါ။

မန်စီးတီးအသင်းကတော့ အမေရိကန်မှာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် စနေနေ့မှာကစားမဲ့ ဘိုင်ယန်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ဗုဒ္ဓဟူးနေမှာ တက္ကဆက်စ် မြို့၌ ကလပ်အမေရိကားအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားမှာလည်းဖြစ်ပါတယ်။

ကစားသမားတွေက အသင်းနဲ့အတူ ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိတာကြောင့် ရာသီကြိုလေ့ကျင့်မှုတွေကို ယူ ၂၃ အသင်းနဲ့ အတူ ပြုလုပ်သွားဖို့ ရှိနေတာပါ။

ကစားသမားတွေက ဘာကြောင့် မန်စီးတီးအသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ကို လိုက်ပါခြင်းမရှိတာလည်းဆိုတာတော့ မသိရှိရသေးပါဘူး။

ဒီနှစ်ရာသီရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်တွေကို ကစားသမားအပြည့်အစုံနဲ့ ထွက်ခွာခွင့်မရနေတာက မန်စီးတီးတစ်သင်းတည်းတော့ မဟုတ်ပါဘူး။

ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း စင်ကာပူနဲ့ ဪစတြေးလျတို့ဆီ ခြေစမ်းခရီးစဉ်ဖြစ် ထွက်ခွာတဲ့ သူတို့အသင်းရဲ့လူစာရင်းမှာ ပြည်ဝင်ခွင့် ပြဿနာတွေကြောင့် ကစားသမား ၁၀ဦးလောက်ထိကို ခေါ်ယူခွင့်မရခဲ့တာပါ။

ချဲလ်ဆီးအသင်းကလည်း သူတို့ရဲ့ အားထားရတဲ့ ကွင်းလယ်ကစာသမားတွေ ဖြစ်ကြတဲ့ ကန်တီနဲ့ လော့တပ်စ်ချီတို့ကို ခြေစမ်းခရီးစဉ်အတွင်းမှာ ဆုံးရှုံးထားရတာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးလူငယ်ကစားသမားဖြစ်သလို ယူကရိန်းလက်ရွေးစင် ကစားသမားလည်း ဖြစ်တဲ့ ဇင်ချန်ကို က အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြထားပါသေးတယ်။

#မန်စီးတီး #ဂမ်ဒိုဂန် #ဖိုဒန်