ရှေ့သို့
Image

ကူလီဘာလေကို လွဲချော်ခဲ့တဲ့နောက် အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်ကို ပစ်မှတ်ထားလာတဲ့ ဂျူဗင်တပ်စ်

9:41 AM, 15 July

ဂျူဗင်တပ်စ်အသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘာလေကို လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ဗဟိုနောက်ခံလူ ဒီလစ်ဂျ်ကို ဘိုင်ယန်အသင်းထံလက်လွှတ်ရမှာဖြစ်တာကြောင့် ခံစစ်ပိုင်းကို ပြန်လည်အားဖြည့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

နာပိုလီစတား ကူလီဘာလေကို စိတ်ဝင်စားခဲ့ပေမယ့် ဆီနီဂေါသားကို နာပိုလီက ပြည်တွင်းထက် ပြည်ပကိုသာ ရောင်းချဖို့ အလိုရှိခဲ့တာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် အီတလီကလပ်အနေနဲ့ ပရီးမီးယားလိဂ်ဘက်ကို မြှားဦးလှည့်လာခဲ့ပြီး ဆက်ဆံရေးကောင်းတွေရှိတဲ့ အာဆင်နယ်အသင်း နောက်ခံလူကို ပစ်မှတ်ထားလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ဂါဘရီရယ်ကို ပေါင်သန်း ၅၀ လောက်ရမယ်ဆိုရင် ရောင်းချဖွယ်ရှိနေသလို အခြားတစ်ဖက်မှာ ကစားသမားအလဲအထပ်နဲ့လည်း ရာဘီအော့ကို အလိုက်ပေးဖို့ ပြင်ဆင်နေပါတယ်။  အာဆင်နယ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ပီပီအတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။

#အာဆင်နယ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဂါဘရီရယ် #ကူလီဘာလေ