ရှေ့သို့
Image

ကိုဗစ်ပိုး တွေ့ရှိခဲ့တာကြောင့် သီးသန့်နေထိုင်မှု ပြုလုပ်နေရတဲ့ တော့တင်ဟမ် ကစားသမား ဘစ်ဆူးမားနဲ့ ဖော်စတာ

1:56 PM, 14 July

ရစ်ချာလီဆန်က ဆိုးလ်မြို့မှာ ၆ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ နည်းပြ ကွန်တီအပေါ်မှာ အပါင်း လက္ခဏာဆောင်တဲ့ အမြင်မျိုး ရှိသွားခဲ့တာဖြစ်ပေမဲ့ ကွန်တီအတွက် နောက်ထပ် ရရှိခဲ့တဲ့ အပေါင်း လက္ခဏာကတော့ သူ့ကို ခေါင်းခဲစရာ ဖြစ်နေခဲ့တာပါ။


အဲ့ဒါကတော့ သူတို့ ခေါ်ယူထားတဲ့ ကစားသမားသစ် ဘစ်ဆူးမားနဲ့ ဖော်စတာတို့မှာ ကိုဗစ် စမ်းသမ်းမှု အဖြေတွင် အပေါင်း လက္ခဏနာ ပြသွားခဲ့တာဖြစ်လို့ ကစားသမားနှစ်ဦးက သီးသန့် နေထိုင်မှုတွေ ပြုလုပ်နေရပြီဖြစ်ပါတယ်။ကစားသမားတွေက အသင်း နေထိုင်ရာ ဟိုတယ်မှာ သီးသန့် နေထိုင်ရတာဖြစ်ပြီး ၇ ရက်ကြာ နေထိုင်ရမှာ ဖြစ်လို့ လာမဲ့ တနင်္ဂနွေနေ့မှာတော့ အိမ်ပြန် လိုက်နိုင်တော့မှာ မဟုတ်ပါဘူး။


နည်းပြ ကွန်တီက ကျွန်တော်တို့မှာ ကိုဗစ်ပိုး ကူးစက်ခံနေရတဲ့ ကစားသမား အချို့ ရှိနေတယ်လို့ ကိုရီယားနိုင်ငံမြို့တော်မှာ ပရိတ်သတ် ၆၄၀၀၀ ရှေ့မှောက်၌ ကေလိဂ် အသင်းကို ၆ - ၃ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။


“ကိုဗစ် စမ်းသပ်မှု အဖြေမှာ အပေါင်းလက္ခဏာ ပြခဲ့တဲ့ သူတွေကတော့ ဘစ်ဆူးမားနဲ့ ဖော်စတာ တို့ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဒီနေ့ပွဲကို ဝင်ရောက်ကစားနိုင်မှာ မဟုတ်ဘူး” လို့ ကွန်တီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


တနင်္လာနေ့က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့ကြတဲ့ ဘန်ဒေဗီးစ်နဲ့ ဒီဂျန်ကူ လူဆက်စ်ကီးတို့ ပါဝင်ခဲ့ခြင်း မရှိသလို့ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ ပါရီဆစ်လည်း ဝင်ရောက် ကစားသွားခြင်း မရှိခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ လန်ဂလက်ကလည်း စာရွက်စာတမ်း ကိစ္စတွေ မပြီးပြတ်သေးတာကြောင့် အချိန်မီ လိုက်ပါနိုင်ခဲ့ ခြင်းမရှိဘဲ တော့တင်ဟမ် အသင်း ဒီရာသီမှာ ခေါ်ယူထားတဲ့ ကစားသမား ၅ ယောက်မှာ ရစ်ချာလီဆန် တစ်ယောက်သာ ပါဝင် ကစားပေးသွားခဲ့တာ ဖြစ်ပါတယ်။


ရစ်ချာလီဆန်ကတော့ လူစားလဲခြင်း မခံရမီ ၇၅မိနစ်အထိ အထောင် တိုက်စစ်နေရာနဲ့ ဘယ်ဝန်းညာဝန်းတွေမှာ ရွှေ့ပြောင်း ဆော့ကစား ပေးသွားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းက လာမဲ့ တနင်္ဂနွေနေ့မှာတော့ ဆူဝမ်မြို့၌ ရာသီကြို ခြေစမ်းပွဲစဉ် အဖြစ် စပိန်ကလပ် ဆီဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ကစား သွားရမှာ ဖြစ်ပါတယ်။ 

#တော့တင်ဟမ် #ကွန်တီ #ဖော်စတာ #ဘစ်ဆူးမား