ရှေ့သို့
Image

လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူသွားမှာမဟုတ်တဲ့ အကြောင်း ဝိန်းရွန်းနီ ပြောကြား

1:00 PM, 14 July

ဒီစီယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဝိန်းရွန်းနီက သူအနေနဲ့ နိုင်လိုစိတ် ပြင်းပြတဲ့ ကစားသမားတွေနဲ့သာ အသင်းကို တည်ဆောက်လိုတာကြာင့် လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်တာဖြစ်ပါတယ်။ လူးဝစ်ဆွာရက်ဇ်က စပိန်ကလပ် အက်သလက်တီကို အသင်းဆီကနေ ထွက်ခွာလာခဲ့ပြီး နောက်မှာ အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပြီး မေဂျာလိဂ် အသင်းတွေဆီက ကမ်းလှမ်းမှုတွေကို ရရှိထားတဲ့ အကြောင်း အတည်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။


ဝိန်းရွန်းနီ က ဒီအပတ်ထဲမှာပဲ ဒီစီယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့တာ ဖြစ်ပြီး သူရဲ့ ကစားသမားသစ်ခေါ်မှုနဲ့ ပတ်သတ်ပြီး“ကျွန်တော် လူးဝစ်ဆွာရက်ဇ် အပေါ် လေးစားမှု အပြည့်ရှိပါတယ်။ သူက သိပ်ကောင်းတဲ့ ကစားသမား ဖြစ်ပေမဲ့ ကျွန်တော်တို့က တိုက်ပွဲ ဝင်ချင်စိတ်ရှိပြီး တက်ကြွတဲ့ ကစားသမားတွေကို သာ ခေါ်ယူချင်တာပါ။”


“အသင်းအတွက် နိုင်ပွဲရရှိအောင် တိုက်ပွဲဝင်လို့ စိတ်ထက်သန်ပြီး ကစားခွင့်ရတဲ့ ပွဲတိုင်းနဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တိုင်းကို ကြိုးကြိုးစားစား ကစားပေးမယ့် သူမျိုးကိုသာ ခေါ်ယူလိုတာဖြစ်ပြီး သိပ်မကြာခင် အတောအတွင်းမှာပဲ ကစားသမားသစ်တွေကို ခေါ်ယူပြီး ကြေငြာပေးသွားမှာပါ” လို့ ပြောဆိုလိုက်ပါတယ်။


ဝိန်းရွန်းနီက ၁၇ပွဲ ကစားအပြီးမှာ အမှတ်ပေး ဇယားရဲ့ အောက်ခြေပိုင်းရဲ့ ဒုတိယနေရာက အသင်း ကို ပြန်လည် ပြောင်းရွှေ့ လာခဲ့တာပဲ ဖြစ်ပါတယ်။  အသင်းလက်မဲ့ ဖြစ်နေတဲ့ အသက် ၃၅နှစ်အရွယ် လူးဝစ်ဆွာရက်ဇ်က ဂါရတ် ဘေးလ်ကစားနေတဲ့ မေဂျာလိဂ်ကလပ် လော့အိန်ဂျလိစ် အသင်းဆီကို ပြောင်းရွှေ့ ကစားဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပြီး လာမဲ့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။


ဆွာရက်ဇ်က ပြီးခဲ့တဲ့ရာသီမှာ ၁၀ပွဲအောက်မှာသာ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုးပမာဏကလည်း သူစတင်ရောက်ရှိခဲ့တဲ့ ၂၀၂၀-၂၁ ရာသီကထက် ၁၀ဂိုးထိ လျော့နည်း သွားခဲ့တာဖြစ်ပါတယ်။ ဒါက ရွန်းနီအတွက် သဘောမတွေ့စေခဲ့တဲ့ အချက်ဖြစ်ပြီး ဒီစီနည်းပြသစ်က ငယ်ရွယ်တက်ကြွပြီး ပွဲစဉ်တိုင်းကို ဝင်ရောက်ကစားပေးနိုင်တဲ့ ကစားသမားမျိုးကို သာ အလိုရှိနေတာဖြစ်ပါတယ်။


ဒီစီအသင်းနဲ့အတူ ဝိန်းရွန်းနီရဲ့ ပွဲဦးထွက်ကတော့ မင်နက်စ်ဆိုတာယူနိုက်တက်အသင်းနဲ့ ကစားမဲ့ ခရီးမထွက်မီ ဒီစီအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ အော်ဒီကွင်းကြီး၌ ကိုလမ်ဘက်စ်ခရူးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ 

#အက်သလက်တီကို #အပြောင်းအရွှေ့ #ရွန်းနီ #ဆွာရက်ဇ် #ဒီစီယူနိုက်တက်