ရှေ့သို့
Image

ကူလီဘာလေ ၊ ကင်ပန်ဘီအပြင် နောက်ထပ် နောက်ခံ လူတစ်ဦးကိုပါ ချိတ်ဆက်နေတဲ့ ချဲလ်ဆီး

10:56 AM, 14 July

ချဲလ်ဆီး အသင်းဟာ နောက်တန်း နေရာအတွက် ကူလီဘာလေ နဲ့ အကီတို့ကို နီးစပ်နေတဲ့အပြင် ပီအက်စ်ဂျီ နောက်ခံလူ ကင်ပန်ဘီကိုလည်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အသင်းဟာ ရူဒီဂါ ၊ ခရစ္စတီယန်ဆန်တို့ကို လက်လွှတ်ထားခဲ့ ရသလို အက်စ်ပီလီကျူတာရဲ့ အနာဂတ်ကလည်း မသေချာတဲ့ အနေအထားမှာ နောက်တန်းနေရာကို အားဖြည့်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။


တယ်လီဂရက်ဖ်ရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ နောက်တန်း နေရာအတွက် ကင်ပန်ဘီကိုလည်း ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခြား သတင်းတွေ အရ ချဲလ်ဆီးဟာ နာပိုလီ နောက်ခံလူ ကူလီဘာလေကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ဂျ်ကို ပစ်မှတ်ထားခဲ့ပေမယ့် အခုချိန်မှာ ဘိုင်ယန်က ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။


အကီကလည်း ချဲလ်ဆီး အသင်းထံ ပြောင်းဖို့ နီးစပ်နေပြီး ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။အကီဟာ ဘုန်းမောက်ကို မပြောင်းခင်တုန်းက ချဲလ်ဆီးအသင်းမှာ ၁၇ ပွဲ ပါဝင် ကစားပေးခဲ့တာဖြစ်ပြီး အဲ့နောက်မှာမှ စီးတီးကိုပေါင် ၄၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ တော့ပ်ဘိုဟီလေ နဲ့ ချဲလ်ဆီး တာဝန်ရှိသူတွေဟာ တူချယ်အလိုရှိနေတဲ့ ကူလီဘာလေ ၊ အကီ နဲ့ ကင်ပန်ဘီတို့ကို ခေါ်ယူပေးဖို့ ပြင်ဆင်နေပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ကူလီဘာလေ