ရှေ့သို့
Image

ရာဖင်ဟာအတွက် လိဒ်ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တဲ့ ဘာစီလိုနာ

1:35 PM, 13 July

ESPN ရဲ့ ဖော်ပြချက်အရ လိဒ်စ်ယူနိုက်တက် အသင်းနဲ့ ပြောင်းရွှေ့ကြေးကို အင်္ဂါနေ့က သဘောတူညီမှု ရယူနိုင်လိုက်အပြီးမှာ ဘာစီလိုနာ အသင်းက အပြိုင်ခေါ်ယူချင်နေတဲ့ ချဲလ်ဆီးအသင်းကို အသာရယူနိုင် ခဲ့ပြီပဲဖြစ်ပါတယ်။


အဆိုပါ သတင်းဌာက ပြောင်းရွှေ့ကြေး အတိအကျကို ဖော်ပြထားခြင်း မရှိပေမယ့် ဘာစီလိုနာ အသင်း ကမ်းလှမ်းထားတဲ့ ယူရို သန်း ၆၀ အပြင် အပိုဆုကြေးပါ ထပ်မံပေးချေမယ့် ပုံစံမျိုးနဲ့ ဖြစ်သွားဖို့များပြီး ကစားသမားကတော့ ဗုဒ္ဓဟူးနေ့မှာပဲ ဘာစီလိုနာမြို့ဆီ ထွက်ခွာလာတော့မှာဖြစ်ပါတယ်။


ESPN ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇွန်လမှာ ရာဖင်ဟာအတွက် ချဲလ်ဆီး အသင်းရဲ့ ကမ်းလှမ်းမှုကို လိဒ်စ်ယူနိုက်တက် အသင်းက လက်ခံခဲ့ပြီးဖြစ်ပေမဲ့ ကစားသမားကတော့ ဘာစီလိုနာ အသင်းနဲ့ သာလက်တွဲ လိုနေတာကြောင့် ဒီအပြောင်းအရွှေ့မှာ ကတ္တလန်ကလပ်က အသာရသွားခဲ့တာ ဖြစ်ပါတယ်။


ရာဖင်ဟာ အတွက် အာဆင်နယ် အသင်းကလည်း စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ဇွန်လက သူတို့ အသင်းရဲ့ ကမ်းလှမ်းမှုကို လိဒ်စ်ယူနိုက်တက်ဘက်က ပယ်ချခံလိုက်ရပြီးနောက် နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက ရာဖင်ဟာအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာက ရက်သတ္တပတ် ပေါင်းများစွာ ကြာမြင့်ခဲ့တာဖြစ်ပြီး လိဒ်စ်ယူနိုက်ဘက်က ချဲလ်ဆီးအသင်း ကမ်းလှမ်း ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀အထိ ရယူချင်တာကြောင့် အခုလို နှောင့်နှေးနေ ခဲ့တာလည်းဖြစ်ပါတယ်။ 


အစောပိုင်း ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုတွေက ကနဦး ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးမှာ အပိုဆုကြေးတွေနဲ့ အရစ်နဲ့ ပေးသွင်းမယ့် ပမာဏက များပြားလွန်းနေတာကြောင့် လိဒ်စ်ယူနိုက်တက် အသင်းက လက်မခံနိုင်ဘူး ဖြစ်နေခဲ့တာပါ။


ရာဖင်ဟာကို ခေါ်ယူလိုက်တာကြောင့် ဘာစီလိုနာ အသင်းမှာရှိတဲ့ အိုဆူမန်ဒန်ဘီလီရဲ့ အနာဂတ်ကို ထိခိုက်သွားစေမှာ မဟုတ်ပါဘူး။ ဇွန်လ ၃၀ ရက်နေ့က ဘာစီလိုနာ အသင်းနဲ့ စာချူပ် သက်တမ်း ကုန်ဆုံးခဲ့တဲ့ အဆိုပါပြင်သစ် တောင်ပံ တိုက်စစ် ကစားသမားက အင်္ဂါနေ့မှာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခဲ့ပြီး စာချူပ် သက်တမ်း ၂နှစ် တိုးမြှင့်သွားဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။


ဒန်ဘီလီက လာမယ့် ကြာသပတေးနေ့ မတိုင်မီ အသင်းနဲ့ စာချူပ် သက်တမ်းကို တိုးမြှင့် ချူပ်ဆို သွားဖွယ်ရှိပြီး ယခုအချိန်မှာ အသင်းရဲ့ ရှေ့နေအဖွဲ့က စာရွက်စာတမ်း ကိစ္စကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

#ဘာစီလိုနာ #လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #ရာဖင်ဟာ