ရှေ့သို့
Image

သြစတေးလျကလပ် မဲလ်ဘုန်းဗစ်ဘရီ အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ လူးဝစ်နာနီ

3:24 PM, 12 July

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း လူးဝစ်နာနီဟာ သြစတေးလျကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီတောင်ပံကစားသမားဟာ စီးရီးအေကလပ် ဗီနီဇီယာအသင်းမှာ ၁၈ လစာချုပ်နဲ့ ကစားခဲ့ပေမယ့် တန်းဆင်းသွားရတဲ့ အသင်းအတွက် ၁၀ ပွဲသာ ကစားခွင့်ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်ကပဲ အသင်းကနေ ထွက်ခွာလာခဲ့ပါတယ်။

၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာနီဟာ ယူနိုက်တက်နဲ့ အင်္ဂလန်မှာ ၈ နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ၄ ကြိမ်နဲ့ ၂၀၀၈ မှာ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ရရှိခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက် စပို့တင်းလစ္စဘွန်း၊ ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယိုနဲ့ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးတို့မှာ ကစားခဲ့ဖူးပါတယ်။

ပေါ်တူဂီအသင်းအတွက်ကိုလည်း ၁၁၂ ပွဲကစား ၂၄ ဂိုးသွင်းယူထားပြီး ၂၀၁၄ ကမ္ဘာ့ဖလား ၊ ဖိုင်နယ်မှာ ပြင်သစ်ကိုအနိုင်ရရှိခဲ့တဲ့ ၂၀၁၆ ချန်ပီယံဆုရတဲ့နှစ်အပါအဝင် ဥရောပချန်ပီယံရှစ် ၃ ကြိမ်လည်း ကစားခဲ့သူပါ။ ပြည်တွင်းလိဂ်ချန်ပီယံ ၄ ကြိမ်ဖြစ်ထားတဲ့ မဲလ်ဘုန်းဗစ်ထရီအသင်းဟာ လာမယ့်သောကြာနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာကြောင့် နာနီအတွက်တော့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ခွင့်ရမယ့် အခွင့်အရေးလည်း ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #နာနီ #အပြောင်းအရွှေ့