ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ရဲ့ ဂနာဘရီကို ခေါ်ယူဖို့ လေ့လာအကဲဖြတ်နေတဲ့ ချဲလ်ဆီး

11:30 AM, 12 July

ပရီးမီးယားလိဂ်ထိပ်သီး ချဲလ်ဆီးအနေနဲ့ လိဒ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ အလားအလာမရှိခဲ့တဲ့နောက် ဘိုင်ယန်မြူးနစ်တောင်ပံလူ ဂနာဘရီကို ခေါ်ယူဖို့ လေ့လာအကဲဖြတ်နေပါတယ်။

မန်ချက်စတာစီးတီးကစားသမား စတာလင်နဲ့ နသန်အကီတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ အနောက်လန်ဒန်ကလပ်အသင်းက လိဒ်ယူနိုက်တက်တောင်ပံလူ ရာဖင်ဟာကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာတော့ စပိန်အင်အားကြီး ဘာစီလိုနာကို အရေးနိမ့်ခဲ့တယ်လို့ Sportsmail က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

Sportsmail ရဲ့ အဆိုအရ အခုအခါမှာတော့ ချဲလ်ဆီးက အာဆင်နယ်ကစားသမားဟောင်း၊ ဘိုင်ယန်မြူးနစ်တောင်ပံလူ ဂနာဘရီကို ခေါ်ယူနိုင်ဖို့ အကြိုစုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ရာသီသစ်စတင်ဖို့ နီးကပ်လာတာနဲ့အတူ ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလီအနေနဲ့ အခြားရွေးချယ်စရာ ကစားသမားသစ် ခေါ်ယူမှုတွေကိုလည်း စဉ်းစားသုံးသပ်နေပါတယ်။

ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်လက်နက်တွေထဲက တစ်ခုဖြစ်လာတဲ့ ဂနာဘရီအတွက်တော့ ပြောင်းရွှေ့ကြေး သတ်မှတ်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းအောက် လျှော့နည်းတဲ့ စျေးနှုန်းမျိုးနဲ့တော့ တောင်ပံလူကို ရောင်းချသွားဖို့ မရှိဘူးလို့ သုံးသပ်ကြပါတယ်။

#ဂနာဘရီ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ရာဖင်ဟာ #ဘိုင်ယန်မြူးနစ်