ရှေ့သို့
Image

တော့တင်ဟမ်ကနေ ရီဂူလွန်ကို ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ ဆီဗီလာ

4:16 PM, 11 July

ဆီဗီလာ အသင်းဟာ တော့တင်ဟမ် ဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ရီဂူလွန်ဟာ ဟယ်ရီဝင့်ခ်၊ ဂျီအိုဗာနီလိုဆယ်ဆို၊ တန်ဂိုင်းအန်ဒွန်ဘီလီတို့နည်းတူ တော့တင်ဟမ်ရဲ့ ရာသီကြို ခြေစမ်းခရီးစဉ်မှာ နည်းပြအန်တိုနီယိုကွန်တီ ချန်လှပ်ခဲ့တဲ့ စီနီယာကစားသမား ၄ ယောက်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ 


၂၅ နှစ်အရွယ် ကစားသမားဟာ ၂၀၁၉-၂၀ ရာသီတုန်းက ရီးရဲလ်မက်ဒရစ်ကနေ ဆီဗီလာကို အငှားနဲ့ သွားကစားခဲ့ဖူးပြီး ယူရိုပါလိဂ် ဖလားလည်း ရရှိခဲ့ပါတယ်။ အဲ့ဒီနှစ်နွေရာသီမှာပဲ တော့တင်ဟမ်ကို ပြောင်းရွှေ့ခဲ့ပြီး ပုံမှန်နေရာရရှိခဲ့ကာ စုစုပေါင်း ၄၇ ပွဲထိ ကစားခဲ့ရပါတယ်။ စပိန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံခဲ့ရပြီး ၂၀၂၀ မှာ စတင် ပွဲဦးထွက်ပြီးနောက် နိုင်ငံအသင်းအတွက် ၆ ပွဲကစားပေးခဲ့ပါတယ်။ 


အိုင်ဗန်ပါရီဆစ် ရောက်ရှိလာမှုကြောင့် စပိန်သားရဲ့ ပွဲကစားချိန်တွေက အကန့်အသတ်ရှိလာခဲ့ပြီး မြောက်လန်ဒန်ကလပ်ကနေပါ အသင်း ပြောင်းရွှေ့ဖွယ် ရှိပါတယ်။ ဆီဗီလာရဲ့ လက်ရှိဘယ်နောက်ခံလူ လုဒ်ဝစ်သြဂတ်စ်တင်ဆန်ကို အက်စတွန်ဗီလာက ခေါ်ယူဖို့ ဆွေးနွေးနေတာကြောင့် ရီဂူလွန်နဲ့ ပြန်လည်အစားထိုးဖို့ စပိန်ကလပ်က ကြိုးစားလာတာဖြစ်ပါတယ်။ 


၂၈ နှစ်အရွယ် သြဂတ်စ်တင်ဆန်ကတော့ ဆွီဒင်အသင်းမှာ ၄၆ ပွဲကစားထားသူဖြစ်ပြီး ဗီလာမှာ လုကပ်စ်ဒီဂ်နေးနဲ့ အပြိုင် ဘယ်နောက်ခံ လူနေရာကို လုသွားဖွယ် ရှိပါတယ်။ နည်းပြ စတီဗင်ဂျရတ် အတွက်တော့ နယူးကာဆယ်ကို ပြောင်းရွှေ့သွားတဲ့ မတ်တာဂတ်ရဲ့ နေရာမှာ ဆွီဒင်သားနဲ့ အစားထိုးတာက အကောင်းဆုံး ရွေးချယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ 

#လာလီဂါ #ဆီဗီလာ #ရီဂူလွန်