အသင်းဟောင်း တော့တင်ဟမ်ကို ရိသဲ့သဲ့ စကားလုံးတွေနဲ့ ထိုးနှက်လိုက်တဲ့ ဘာ့ဂ်ဗင်း
3:17 PM, 11 July
စတီဗင်ဘာ့ဂ်ဗင်းက တော့တင်ဟမ် အသင်းကနေ အေဂျက်စ်ဇ် အသင်းဆီကို ပြောင်းရွှေ့တာက သူ့ ကစားသမား ဘဝကို နောက်တစ်ဆင့်တက်လှမ်းခြင်းဖြစ်တယ်လို့ တော့တင်ဟမ် ပရိတ်သတ်တွေကို အစာမကြေဖြစ်သွားစေမဲ့ စကားမျိုးကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၂၀၀၅ခုနှစ်ကနေ ၂၀၁၀ခုနှစ်အထိ သူ့ရဲ့လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ အေဂျက်စ် အသင်းဆီသို့ ဘာ့ဂ်ဗင်းက ပေါင် ၂၈သန်းနဲ့ သောကြာနေ့က တရားဝင် ပြန်လည်ပြောင်းရွှေ့လာခဲ့တာ ပဲဖြစ်ပါတယ်။
ဘာ့ဂ်ဗင်းက တော့တင်ဟမ် အသင်းတွင် ကစားခဲ့တဲ့ ၂နှစ်ခွဲကာလာမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အဆိုပါ ပရီးမီယားလိဂ် အသင်းထက် ပိုမို တောင့်တင်းတယ်လို့ ယူဆကာ အေဂျက်စ်အသင်းဆီသို့ အခုလိုပဲ ပြန်လည် ပြောင်းရွှေ့ လာခဲ့တာ ပဲဖြစ်ပါတယ်။
ဘာ့ဂ်ဗင်းက အေဂျက်စ်အသင်းရဲ့ တရားဝင် Website မှာပြောကြားထားတာက “ကျွန်တော် အရမ်း အံအားသင့်ခဲ့ရတယ်။ အခုလို ပြောင်းရွှေ့လာရတာကို မယုံကြည်နိုင် အောင်ဖြစ်နေပါတယ်။” “အေဂျက်စ်အသင်းမှာ ကစားချင်ပေမဲ့ အသင်းကနေ ထွက်ခဲ့ရပါတယ်။
အခုအသင်းကို ပြန်လာခွင့်ရမယ်ဆိုတော့ ဒါက သိပ်ကိုကောင်းမွန်ပါတယ်။ ဒီအသင်းက အမြဲတမ်းလို ချန်ပီယံလိဂ်နဲ့ ပြည်တွင်းလိဂ်တွေမှာ ပုံစံကောင်းတွေ ပြသထားနိုင်တာပါ။ ဒါကြောင့်မို ကျွန်တော့ရဲ့ ကစားသမား ဘဝကို နောက်တစ်ဆင့်တက်ရောက် စေနိုင်မယ်လို့ ထင်ပါတယ်။” လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
အသက် ၂၄နှစ် အရွယ် ဘာ့ဂ်ဗင်းက ပြီးခဲတဲ့ရာသီမှာ တော့တင်ဟမ် အသင်းနဲ့အတူ ပွဲထွက်ကစားခွင့် ၄ကြိမ်အထိသာ ရရှိထားခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီရာသီမှာပဲ ဘာဂျဗင်းက လက်စတာအသင်းကို ၃-၂ဂိုးနဲ့ အချိန်ပိုမှာ အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲမှာ စပါးအသင်းအတွက် ၂ဂိုးသွင်းယူထားနိုင်ခဲ့ သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့လို့ အဲ့ဒီနိုင်ပွဲအပြီးမှာ ဘာဂျဗင်းအနေနဲ့ နောက်ထပ် ၁ပွဲသာ ပွဲထွက် ကစားခွင့်ရရှိခဲ့ ပြီး နည်းပြ အန်တိုနီယိုကွန်တီက သူ့အစား တခြား ကစားသမားတွေ ဖြစ်တဲ့ အသစ်ရောက်ရှိလာတဲ့ ဒီဂျန် ကူလူဆက်ဗ်စကီးနဲ့ လူကပ်မိုရာတို့ကို သာ ပိုမိုအခွင့်အရေး ပေးထားခဲ့တာပါ။
ဘာ့ဂ်ဗင်းက နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းမှာ ကစားခဲ့စဉ်က ၁၄၉ပွဲမှာ ၃၁ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ကာ အမှတ်ပေးဖလားကို ၃ကြိမ်တိုင်တိုင် ရယူခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်။ သူက အေဂျက်စ်အသင်ဆီကို ပြန်လည်ရောက်ရှိလာပြီးမှာတော့ ပုံမှန်ပွဲကစားချိန် ရရှိပြီး လာမဲ့ ၄လသာလိုတော့တဲ့ ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားခွင့် ရယူချင်နေတာလည်း ဖြစ်ပါတယ်။
#တော့တင်ဟမ် # စတိဗ် ဘာ့ဂ်ဗင်း #အန်တိုနီ