ရှေ့သို့
Image

ဒေါ့မွန် အသင်းနဲ့ အတူ မန်စီးတီးကို ရင်ဆိုင်ခဲ့စဉ်က ခက်ခဲလွန်းတဲ့ အကြာင်း ရင်ဖွင့်လာတဲ့ ဟာလန်း

2:31 PM, 11 July

မန်စီးတီးအသင်းကို ဒီနှစ်ရာသီမှာ ရောက်ရှိလာပြီဖြစ်တဲ့ ဟာလန်းက သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဒေါ့မွန် အသင်းနဲ့ အတူ မန်စီးတီး အသင်းကို ရင်ဆိုင်ကစားခဲ့ရစဉ်က ၂၅မိနစ်လောက်အထိ ဘောလုံး မထိရတာမျိုးဖြစ်ခဲ့ကာ အလွန်ခက်ခဲခဲ့တာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။


လာမဲ့ရာသီမှာတော့ သူခက်ခက်ခဲခဲ ရင်ဆိုင်ကစားခဲ့ရတဲ့ မန်စီးတီးအသင်းနဲ့အတူ ပရီးမီယားလိဂ် ခရီးကြမ်းကို စတင်ခြေလှမ်းခွင့်ရတော့မှာ လည်းဖြစ်ပါတယ်။ ဟာလန်းက ဒေါ့မွန်အသင်းနဲ့ အတူ  ၂နှစ်ခွဲ ကစားခဲ့အပြီးမှာ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှု တစ်ယောက်အနေနဲ့ အီတီဟတ် ကွင်းကြီးဆီကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။


မန်စီးတီးလိုအသင်းမှာ စတင်ခြေချခွင့်ရတာနဲ့ ပတ်သတ်ပြီး ဟာလန်းက “ဒါက တယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ နိုင်ငံအသစ်၊ လိဂ်အသစ်၊ နည်းပြအသစ် စတဲ့ အသစ်အသစ်တွေနဲ့ တွဲဖက်အလုပ်လုပ်ရတော့မှာကြောင့်ပါ။ ဒါပမေဲ့ ဒီလို အသင်းသစ်မှာ ကစားရမှာနဲ့ ပတ်သတ်လို့က နှစ်ကြိမ်တောင် အတွေ့အကြုံရှိထားပြီးဖြစ်ပါတယ်။”


“ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်းနဲ့ ဆုံတွေ့ခဲ့စဉ်က ကွာဟမှုတစ်ချို့ကို ခင်ဗျာတို့လည်း မြင်တွေ့ခဲ့ရပြီးဖြစ်မှာပါ။”“ကျွန်တော် ၂၅မိနစ်လောက်ထိ ဘောလုံးထိခွင့်မရဖြစ်နေပြီး ဂန်ဒိုဂန်ရေ တီကီတာကာ ကစားတာကို ရပ်ပေးပါတော့လို့ ပြောရမလား တောင် တွေးမိရတဲ့ အထိပါပဲ။”


“ဒါက သူတို့အသင်းရဲ့ ခြားနားတဲ့ကစားပုံဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ချင်ခဲ့တာပါ။”“ကျွန်တော် တိုးတက်လာဖို့ လိုသေးတာကတော့ ခေါင်းတိုက်တာတွေ၊ ကစ်ချက်တွေ၊ ဘယ်ခြေ၊ ညာခြေ၊ ဘောလုံးနဲ့အတူ ရွေ့လျားကစားနိုင်မှုနဲ့ ဘောလုံးမပါဘဲ ရွှေ့လျားနေရာ ယူနိုင်မှု စတဲ့ အရာရာပါပဲ” လို့ ပြောကြားလိုက်ပါတယ်။


 ဟာလန်းက ဒေါ့မွန်အသင်းနဲ့ ၈၉ပွဲကစားကာ ၈၆ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပြီး မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်၅၁သန်း (ဒေါ်လာ ၆၃သန်း) ပေးကာ ဒေါ့မွန်စတားကို ပရီးမီးယားလိဂ်ဆီ အရခေါ်ယူထားခဲ့ တာဖြစ်ပါတယ်။ 

#မန်စီးတီး #ဟာလန်း