ရှေ့သို့
Image

ကစားသမားသစ်တွေက ဆုဖလား အောင်မြင်မှုရအောင် ကူညီလိမ့်မယ်လို့ ကလော့ပ်ယုံကြည်နေ

11:05 AM, 11 July

လီဗာပူး အသင်း နည်းပြ ကလော့ပ်က ကစားသမားသစ်တွေဟာ လာမယ့်ရာသီ ဆုဖလား အောင်မြင်မှုတွေ အတွက် ကူညီပေးလိမ့်မယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖလား ၄ လုံးရဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်မှာ ကာရာဘောင်နဲ့ အက်ဖ်အေဖလားတို့သာ ရရှိခဲ့ပါတယ်။ စီနီယာ အသင်းထံကနေ မာနေး ၊ အော်ရီဂီ နဲ့ မီနာမီနိုတို့ ထွက်ခွာသွားခဲ့ပေမယ့် ဒါဝင်နူနက်ဇ် ၊ ကာလ်ဗယ်ဟို ၊ ရမ်ဆေးတို့ကို ပြန်လည် ခေါ်ယူထားခဲ့ပါတယ်။


ကလော့ပ်က လက်ရှိအသင်းဟာာ အဆင့်တစ်ခုကို တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ထိုင်းနိုင်ငံမှာ ကစားမယ့် ရာသီကြို ခြေစမ်းပွဲ မတိုင်ခင် သတင်းစာရှင်းပွဲမှာ “ကျွန်တော် ယုံကြည်နေပါတယ်။ ဒီနေ့ အသင်း လူစာရင်းကို မြင်ရတာ တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့သူတွေလို့ ထင်ရပါတယ်။ ဒါပေမယ့် ကံကောင်းဖို့လည်း လိုအပ်ပါတယ်။ ဆုဖလား အောင်မြင်မှု လိုချင်တယ်ဆိုရင် အဲ့တာကိုလည်း သိထားရပမယ်။ ပထမဆုံး လိုအပ်တာက တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ကောင်းတစ်ရပ်နဲ့ ကစားဖို့လိုအပ်ပါတယ်။


အဲ့တာဆိုရင် ကျွန်တော်တို့ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။ အသင်းမှာ ရှိတဲ့ ကောင်လေးတွေရဲ့ အရည်အချင်းကို သံသယဖြစ်ဖို့မလိုပါဘူး။ ကစားသမားသစ် အနည်းငယ်ခေါ်ထားခဲ့သလို ကစားသမားဟောင်း အနည်းငယ်လည်း လက်လွှတ်ခဲ့ရပါတယ်။ ကစားသမားသစ်တွေက ဆုဖလားအောင်မြင်မှုရဖို့ ကူညီပါလိမ့်မယ်။ တသတ်မှတ်တည်း ရှိတဲ့ နေရာဆိုတာ မရှိသေးပါဘူး။ ပရီးမီးယားလိဂ်က လာမယ့်ရာသီမှာ လူစားလဲခွင့် ၅ ဦးအထိ ပေးသွားမှာပါ။ အဲ့တာနဲ့ အံဝင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဘောလုံးမှာ ဘာအာမခံချက်မှမရှိပါဘူး။


ဒါပေမယ့် အကောင်းဆုံးကစားရင် အခွင့်အရေးကောင်း ဆိုတာ ရှိလာမှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ထိုင်းနိုင်ငံမှာ ယူနိုက်တက် အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ကစားမှာဖြစ်ပြီး အဲ့နောက် လိုက်ပ်ဇစ် ၊ ပဲလေ့စ် ၊ ဆဲလ်ဘတ်ဂျ်တို့နဲ့ ကစားမှာဖြစ်ကာ ဇူလိုင်လ ၃၀ ရက်နေ့မှာတော့ စီးတီးအသင်းနဲ့ ကွန်မြူနတီ ဖလားကစားမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၆ ရက်နေ့မှာတော့ ကလော့ပ်ရဲ့လီ ဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

#လီဗာပူး #ကလော့ပ် #ရမ်ဆေး #ဒါဝင်နူနက်ဇ် #ကာလ်ဗယ်ဟို