ရာဖင်ဟာလုပွဲမှာ ချဲလ်ဆီးကို ကျော်ဖြတ်ကာ အနိုင်ရတော့မယ့် ဘာစီလိုနာ
10:06 AM, 11 July
ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးပစ်မှတ် ရာဖင်ဟာကို ခေါ်ယူဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ လိဒ်စ်တောင်ပံကစားသမားကို ဘာစီလိုနာတို့ ပေါင် ၆၃သန်း တန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့တာပါ။
ဘာစီလိုနာဟာ ရာဖင်ဟာ ပြောင်းချင်တဲ့အသင်း ဖြစ်ပေမဲ့ မကြာသေးခင်ကတော့ လိဒ်စ်တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ချဲလ်ဆီး၁သင်းတည်းသာ ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက ပြိုင်ပွဲထဲ ဝင်လာချိန်မှာတော့ ကစားသမားရဲ့ စိတ်ကပြောင်းလဲသွားပြီး ငယ်ဘဝကတည်းက အိပ်မက်တစ်ခုလိုဖြစ်ခဲ့တဲ့ ဘာကာထံ ပြောင်းဖို့ စိတ်ပါလာခဲ့ပါတယ်။
ဘာစီလိုနာက ရာဖင်ဟာကို ခေါ်ယူဖို့ သဘောတူညီမှုရသွားခြင်းက တစ်ဖက်မှာ စတာလင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စတာလင်ဟာ ယမန်နေ့ညက လန်ဒန်မှာ ပထမပိုင်း ဆေးစစ်မှုအောင်မြင်ခဲ့ပြီး ယနေ့မှာ ထပ်မံဆေးစစ်မှုခံယူသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ စတာလင်ပြီးနောက် မန်စီးတီးကစားသမား၁ဦးပဲဖြစ်တဲ့ အကီကိုလည်း ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးစားနေပါတယ်။ ဘာစီလိုနာ အသင်းဟာ ယခင်က အကြွေးတွေကြောင့် ရာဖင်ဟာကို ခေါ်ယူရေး တုံ့ဆိုင်းနေခဲ့ပေမဲ့ ရုပ်သံမူပိုင်ခွင့် ရောင်းချမှုတွေအပြီး အခြေအနေတွေ တိုးတက်လာခဲ့ကာ ဘရာဇီးသားကို ယခုလို ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။