ရှေ့သို့
Image

နောက်ထပ် ပရီးမီးယားလိဂ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာတဲ့ မော်ရင်ဟို

8:48 AM, 10 July

သတင်းတွေအရ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းထံ မစ်ခီတာရန်ကို လက်လွှတ်ခဲ့ရပြီးနောက် ရိုးမားအသင်းဟာ တောင်ပံနေရာမှာ ကစားနိုင်တဲ့ကစားသမားမျိုးရှာဖွေနေတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်သားဟာ တောင်ပံ ၂ ဖက်လုံးမှာကစားနိုင်စွမ်းရှိသလို ဗဟိုတိုက်စစ်မှာလည်း ကစားနိုင်စွမ်းရှိတာဖြစ်ကာ ၂၀၁၀ နောက်ပိုင်းကတည်းက သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု ၁၅၀ ကျော်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းရဲ့တန်ကြေးက ယူရိုသန်း ၉၀ လောက်ရှိခဲ့ပေမယ့် စာချုပ်သက်တမ်းနောက်ဆူံးနှစ်ထဲရောက်လာတဲ့အနေအထားမှာ တန်ကြေးလျော့ကျလာနိုင်တာဖြစ်ပါတယ်။

လစာကိစ္စက ရိုးမားအတွက် အဓိကအခက်အခဲဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့နှစ်တွေက ပရီးမီးယားလိဂ်ကလပ်တွေဟာ မြင့်မားတဲ့လုပ်ခလစာတွေပေးချေလာခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းအနေနဲ့ ဇာဟာကိုခေါ်ယူူနိုင်ဖို့အတွက် အခြားကစားသမားတွေဖြစ်တဲ့ ကားလ်ပီရက်ဇ် နဲ့ အယ်လ်ရှာရာဝီတို့ကိုရောင်းထုတ်ဖို့ လိုအပ်နေပါတယ်။

ဇာနီအိုလိုကိုလည်း ဂျူဗင်တပ်စ်အသင်းထံရောင်းချဖွယ်ရှိနေကာ မော်ရင်ဟိုက ဇာဟာကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။

#ရိုးမား #ဇာဟာ #မော်ရင်ဟို