ရှေ့သို့
Image

ဒါဘီအသင်းကနေ ထွက်ခွာပြီးနောက် နည်းပြဘဝထဲကို ပြန်ဝင်တော့မယ့် ရွန်းနီ

1:38 PM, 9 July

သတင်းတွေအရ ဒါဘီနည်းပြဟောင်း ဝိန်းရွန်းနီဟာ မေဂျာလိဂ်မှာ နည်းပြဖို့ ပြင်ဆင်နေပြီး ဒီစီယူနိုက်တက်ကို ပြန်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်သားဟာ ပြီးခဲ့တဲ့လတုန်းက ဒါဘီအသင်းနည်းပြရာထူးကနေ နုတ်ထွက်ထားခဲ့တာဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒါဘီအသင်းကို အများကြီးမကူညီပေးနိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ဒီစီယူနိုက်တက်ဟာ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို နည်းပြအဖြစ်ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ရွန်းနီကိုယ်တိုင်ကလည်း အမေရိကမြေမှာ နည်းပြဘဝကို ပြန်လည်လုပ်ဆောင်ဖို့ တံခါးဖွင့်ထားတာဖြစ်ပါတယ်။ ဒီစီယူနိုက်တက်ဟာ လိုဆာဒါကို ဧပြီလတုန်းက ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး နည်းပြလက်မဲ့ဖြစ်ကာ အက်ရှ်တွန်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။

ရွန်းနီဟာ ၂၀၁၈ ကနေ ၂၀၂၀ အထိ ဒီစီယူနိုက်တက်မှာကစားခဲ့တာဖြစ်ပြီး ၅၂ ပွဲမှာ ၂၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မိသားစုကတော့ အမေရိကမြေမှာ အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပြီး အဲ့နောက် ယူကေကိုပြန်လည် ပြောင်းရွှေ့လာခဲ့ရတာဖြစ်ပါတယ်။ ရွန်းနီတစ်ယောက် အမေရိကမြေကိုပြန်သွားမယ်ဆိုရင် ဇနီးသည် ကောလင်းကလည်း သဘောတူဖွယ်ရှိနေပါတယ်။

“ဝါရှင်တန်က နေရာကောင်းတော့မဟုတ်ပါဘူး။ အလည်လာဖို့ပဲကောင်းတာဖြစ်ပြီး နေထိုင်ဖို့တော့ အဆင်မပြေပါဘူး။ ယူကေနဲ့တော်တော်လေးကွဲပြားခြားနားပေမယ့် အဆင်ပြေအောင်တော့ နေခဲ့ရပါတယ်”လို့ ကောလင်းက ပြောကြားခဲ့ပါတယ်။

ဒီစီယူနိုက်တက်သာ ရွန်းနီကို ခန့်အပ်ခဲ့မယ်ဆိုင် အသင်းဖော်ဟောင်း ဖီးလ်နဗီးလ်နဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အဆိုပါ ၂ သင်းဟာ စက်တင်ဘာ ၁၈ ရက်နေ့ အော်ဒီကွင်းမှာ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

#ဒါဘီ #ရွန်းနီ