ရှေ့သို့
Image

အာဆင်နယ် အသင်းဆီ ပြောင်းရွှေလာဖို့ အီဒူးက အဓိက သိမ်းသွင်းခဲ့တာ ဖြစ်တယ်ဆိုတဲ့ ဂျီးဆပ်

2:36 PM, 8 July

ဂါဘရီရယ်ဂျီးဆပ်က မန်စီးတီးအသင်းဆီကနေ သူ အာဆင်နယ် အသင်းဆီကို ပြောင်းရွှေ့လာဖြစ်တဲ့ အကြောင်းတွေထဲမှာ အီဒူးက အဓိကအစိတ်ပိုင်းတစ်ခုအနေနဲ့ ပါရှိတယ်ဆိုတဲ့ အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရာသီသစ်မှာ ဥရောပပြိုင်ပွဲဝင်ခွင့်တစ်နေရာရရှိဖို့ရန်အတွက် နည်းပြအာတီတာက သူ့အသင်းရဲ့ လူစာရင်းကို တောင်းတင်းလာစေချင်တာကြောင့် ဂန်းနားတို့က ဘရာဇီးတိုက်စစ်မှူးလေး ဂျီးဆပ်ကို ပေါင် ၄၅သန်းနဲ့ နဲ့ ၅နှစ်စာချူပ် ချူပ်ခေါ်ဆိုလိုက်တာပဲဖြစ်ပါတယ်။ နည်းစနစ်ဒါရိုက်တာ အီဒူးက ကစားသမားနဲ့ ဘရာဇီးတစ်နိုင်ငံတည်းသားဖြစ်တဲ့အပြင် အသင်းရဲ့ ခိုင်မာတဲ့အစီအစဉ်တွေကို ပြောပြကာ စည်းရုံးနိုင်ခဲ့တာကြောင့် အခြားအသင်းတွေကို နောက်ကောက်ချထားပြီး ခေါ်ယူလိုက်နိုင်တာပါ။

“ကျွန်တော်အာဆင်နယ်အသင်းဆီကိုပဲ ပြောင်းရွှေ့တော့မယ်လို့ စဉ်းစားမိလာတယ် နည်းပြအာတီတာနဲ့ ထပ်မံစကားပြောပြီးနောက်မှာ ဂန်းနားတစ်ယောက်ဖြစ်ဖို့ ပိုပြီးတော့ သေချာသွားခဲ့ရပါတယ် ဘာကြောင့်လဲဆိုတော့ ဒီလိုအသင်းကြီးမျိုးကို ကျွန်တော်ယုံတယ်လေ ပြီးတော့ ကိုယ်ကိုယ်တိုင်နဲ့ အသင်းဖော်တွေအပေါ်မှာလည်း ယုံကြည်မှု အပြည့်ရှိပါတယ်” “ဒီမှာက အရမ်းကောင်းမွန်ပြီး အရည်အသွေးရှိတဲ့ လူငယ်ကစားသမားတွေ အများကြီး ရှိနေတာပါ ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်း လူငယ်ကစားသမားပဲ ရှိပါသေးတယ် အသင်းမှာရှိတဲ့ လူတိုင်းက မိသားစုတစ်ခုလို စည်းစည်းလုံးလုံးရှိကြပြီး ဒါက ကျွန်တော် အလိုချင်ဆုံးအရာပါပဲ”

“အသင်းမှာရှိနေတဲ့ကစားသမားတွေအားလုံးက ကျွန်တော့လိုပါပဲ ဆုဖလားအောင်မြင်မှု တွေကို ရယူချင်နေကြတာပါ ဒါက ကျွန်တော်အနေနဲ့ အာဆင်နယ်လိုအသင်းကြီး တစ်သင်းမှာ သမိုင်းမှတ်တမ်းရေးထိုးနိုင်ဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်ပါတယ်” “အာဆင်နယ်ဆိုတာ အကြီးစားစီမံကိန်းတွေနဲ့ အသင်းကြီးတစ်သင်းဖြစ်တယ်လို့ အီဒူးကရှင်းပြခဲ့တဲ့နောက်မှာ  ကျွန်တော် နှစ်သက်တဲ့ ပုံစံတွေဖြစ်နေတာကြောင့် ပြောင်းရွှေ့လာခဲ့တာပါ” “ကျွန်တော်က ဆုဖလားတွေကို ရယူချင်ပါတယ် ပြီတော့ အရာအားလုံးပေါ့”လို့ ဂျီးဆပ်က ပြောဆိုထားပါတယ်။

ပြင်သစ်နဲ့ အာဆင်နယ်ဂန္ဓဝင်ကစားသမားဟောင်း ဟင်နရီက သူလေးစားရတဲ့ သူရဲ့စံပြ ပုဂ္ဂိုလ်ဖြစ်ပေမဲ့ အာဆင်နယ်အသင်းမှာတော့ သူရဲ့ ကိုယ်ပိုင်ဟန်နဲ့ပဲ ထိုးဖောက် ကစားသွားမယ်လို့ ဆိုပါတယ်။

“အာဆင်နယ်လို့ ပြောလိုက်တာနဲ့ ခင်ဗျား ဟင်နရီကိုပဲပြေးမြင်မိပါလိမ့်မယ် သူက ကမ္ဘာ့သမိုင်းရဲ့ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ပါ” လို့ဂျီးဆပ်က ပြောပါတယ်။ “ကျွန်တော်က ပြိုင်ဘက်ဂိုးဧရိယာထဲမှာ တစ်ချိန်လုံးရှိနေပြီးတော့ တစ်ချိန်လုံး သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားနေမှာဖြစ်ပြီး ကျွန်တော့်ပုံစံအတိုင်း ဘောလုံးပြန်ဆယ်တာမျိုးတွေကို မရပ်မနားအပြေးအလွှား လုပ်ဆောင်နေမှာပါ” “အသင်းကို ကူညီမယ် ပြီးတော့ အသင်းဖော်တွေကို ကူညီမယ် ဒါက ကျွန်တော့် ပုံစံပဲဖြစ်ပါတယ်” လို့ အာဆင်နယ် အသင်းရဲ့ ကစားသမားသစ် ဂါဘရီရယ် ဂျီးဆပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

#မန်စီးတီး #အီဒူး #အာဆင်နယ် #ဂျီးဆပ်