ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကို ပြန်တာက ရော်နယ်ဒိုအတွက် အကောင်းဆုံး အပြောင်းအရွှေ့ဖြစ်မယ်လို့ ဖွန်တီအကြံပေး

9:00 AM, 8 July

ရီးရဲလ်မက်ဒရစ်ကို ပြန်တာက ခရစ္စတီယာနို ရော်နယ်ဒိုအတွက် အကောင်းဆုံး အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ပေါ်တူဂီအသင်းဖော် ဖွန်တီက ပြောခဲ့ပါတယ်။

ဘော်လွန်းဒီအော် ၅ကြိမ်ရ ကစားသမားဟာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ထွက်ခွာအပြီး ၁နှစ်အကြာမှာပဲ အသင်းကနေ ထွက်ခွာခွင့်တောင်းခဲ့ပါတယ်။ ယမန်နှစ်ရာသီအတွင်း ၂၄ဂိုးအထိ သွင်းခဲ့ပေမဲ့ ရော်မယ်ဒိုရဲ့ ယူနိုက်တက်က အဆင့်၆နေရာသာ ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

ရာသီကြိုအစီအစဉ် ပူးပေါင်းရတော့မယ့်အချိန်မှာ ရော်နယ်ဒိုက မိသားစုကိစ္စကြောင့် ခွင့်ထပ်တောင်းထားပြီး ယနေ့ ဘန်ကောက်ကို ထျွက်ခွာမယ့် ယူနိုက်တက်အသင်းမှာ ပါဝင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ရော်နယ်ဒိုရဲ့  ယူနိုက်တက်နဲ့ အနာဂတ်က အဆုံးသတ်ပြီဆိုတဲ့ ကောလာဟလတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။

သတင်းတွေက ဘိုင်ယန်မြူးနစ်နဲ့ ချိတ်ဆက်ရေးသားနေပေမဲ့ ဘိုင်ယန်အမှုဆောင်ချုပ် အိုလီဗာခမ်းကတော့ ပေါ်တူဂီသားကို ခေါ်ယူမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပေါ်တူဂီအသင်းဖော် ဖွန်တီကတော့ မက်ဒရစ်ကို ပြန်ခြင်းကသာ ရော်နယ်ဒိုအတွက် အကောင်းဆုံးဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

ဖွန်တီက “ကျွန်တော် သိတာကတော့ သူ ချန်ပီယံလိဂ်ကစားရတာ ကြိုက်တယ်ဆိုတာပါပဲ။ ချန်ပီယံလိဂ်က ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲလို့ ယုံကြည်ထားပြီး ဘော်လွန်းဒီအော်ရဖို့ သူ အဲ့ဒီမှာ ခြေစွမ်းပြလိုနေပါတယ်” “သူ ဘော်လွန်းဒီအော်ဆု ထပ်ရဖို့ဆိုရင် ဆုဖလားတွေ ထပ်ရတာ၊ ဆုဖလားတွေ စိန်ခေါ်နိုင်တာမျိုး လုပ်ပြနိုင်ရပါမယ်။ သူက အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်သူဆိုတာ အားလုံးသိကြပါတယ်” “သူ လက်ရှိ ယူနိုက်တက်လူစာရင်းကို ကြည့်ပြီး ငါ ဒီလူစာရင်းနဲ့ ဆုဖလားဘယ်လိုရမလဲဆိုပြီး တွေးနေပါလိမ့်မယ်။ သူ ဒီလူစာရင်းနဲ့ ဆုဖလား မရနိုင်ဘူးဆိုပြီး ထင်နေပါလိမ့်မယ်။ ဒါကတော့ ကျွန်တော် မပြောနိုင်ပါဘူး။ သူပဲ ထုတ်ပြောရမှာပါ” “မက်ဒရစ်ကို ပြန်တာကတော့ သူ့အတွက် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ သူက ပြန်ခေါ်ချင်လား၊ ပြန်မခေါ်ချင်ဘူးလားဆိုတာကတော့ နောက်မေးခွန်းတစ်ခု ဖြစ်သွားပါပြီ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ရော်နယ်ဒို #ဖွန်တီ