ဂိုးသမားလီနိုအား အပြီးသတ်ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတဲ့ ဖူလ်ဟမ်
1:53 PM, 7 July
လာမဲ့ရာသီမှာ ပရီးမီးယားလိဂ်ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရလာတဲ့ ဖူလ်ဟမ်အသင်းက အာဆင်နယ်အသင်းရဲ့ ဂိုးသမား လီနိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။ အဆိုပါ အသက်၃၀နှစ် ရှိပြီဖြစ်တဲ့ ဂျာမနီ ဂိုးသမား လီနိုက လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက လေဗာကူဆင်း အသင်းဆီကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းကို အာရွန်ရမ်စ်ဒေး ရောက်ရှိလာပြီးနောက် နေရာမရဘဲဖြစ်နေခဲ့တာပါ။လီနိုက အာဆင်နယ်အသင်းနဲ့ ချူပ်ဆိုထားတဲ့ စာချူပ်အရ နောက်ဆုံးနှစ်ကို ရောက်ရှိလာပြီ ဖြစ်ပြီး သူက ပွဲထွက် ကစားသမား အဖြစ်နဲ့သာ ကစားဖို့ ဆန္ဒ ပြင်းထန်နေတာဖြစ် ပါတယ်။ အသင်းကနေ ထွက်ခွာမဲ့ လီနို နေရာ အတွက် အာဆင်နယ်အသင်းက အမေရိကန်ဂိုးသမား မက်တာနာကို ခေါ်ယူစာချူပ် ချူပ်ဆိုထားပြီး ပြီလည်းဖြစ်ပါတယ်။ ပရီးမီယားလိဂ်မှာ ပါဝင်ကစားရတော့မှာဖြစ်လို့ ဖူလ်ဟမ် အသင်းနည်းပြ မားကို့စ်ဆေးလ်ဗားက လီနိုကို ဒီအပြောင်းအရွှေ့ ကာလမှာပဲ အရခေါ်ယူလိုနေတာပါ။
#အာဆင်နယ် #အပြောင်းအရွှေ့ #လီနို #ဖူလ်ဟမ်