ရှေ့သို့
Image

အာဆင်နယ်မှာ ဂါဘရီရယ် ၃ယောက်ဖြစ်လာတဲ့ အပေါ် ပျော်ရွှင်နေတဲ့ ဂျီးဆပ်

9:31 AM, 7 July

အာဆင်နယ်အသင်းက အသစ်ခေါ်ယူလိုက်တဲ့ ဂါဘရီရယ် ဂျီးဆပ်ဆပ်က ဘရားဇီးကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ် မာဂယ်ဟေးနဲ့ ဂါဘရီရယ် မာတင်နယ်လီတို့နဲ့ တစ်သင်းတည်းတွင် ကစားရမှာဖြစ်လို့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ ကျော်နံပါတ် ၉ကို ဝတ်ဆင်ကစားမဲ့ ဂျီးဆပ်က အာဆင်နယ်အသင်းရဲ့ အသင်းရဲ့ ဂါဘရီရယ် ၃ရောက်မှာ တစ်ယောက်အပါအဝင် ဖြစ်လာရပါတယ်။

သူက အသင်းရဲ့ အင်တာဗျူးအစီအစဉ်မှာ “ဂါဘရီရယ် ၃ယောက်ဆိုတာက ဟာသလိုဖြစ်နေပါတယ် ဒါပေမဲ့ သိပ်တော်တဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။ အာဆင်နယ်လို အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရနေတဲ့ သူတို့အတွက် ကျွန်တော် ဝမ်းသာပါတယ် သူတို့နဲ့ တွဲဖက်ကစားရမဲ့အပေါ် ပျော်ရွှင်ပါတယ်”လို့ ဂျီးဆပ်က ပြောဆိုလိုက်ပါတယ်။

မာတင်နယ်လီဟာ ဂျီးဆပ်ရဲ့ နိုင်ငံတကာအသင်းဖော်တစ်ဦးလည်းဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာလည်း တွဲဖက်ကစားကြတော့မှာပဲဖြစ်ပါတယ်။

“ကျွန်တော် မာတင်နယ်လီနဲ့ တွဲကစားရမဲ့အပေါ် ပျော်ပါတယ် သူနဲ့ ၂၀၁၉ခုနှစ်က ကိုပါအမေရိက ဖလားပွဲအတွက် ဘရာဇီးမှာ အတူလေ့ကျင့်ခန်းဆင်းဖူးပါတယ် ကျွန်တော်တို့ သူ့အရည်းအချင်းကိုမြင်တွေ့ခဲ့ရပြီး သူက တစ်ခြားကစားသမားတွေ မလုပ်နိုင်တာကိုတောင် လုပ်ဆောင်နိုင်ပါတယ်”လို့ ဂျီးဆပ်က ပြောပါတယ်။

“အာဆင်နယ်အသင်းမှာ သူ့ကို တွေ့လိုက်ရတဲ့ အပေါ် အထူးအဆန်းတော့ မဖြစ်ပါဘူး သူ့ရဲ့ အရည်အချင်းကို ကျွန်တော် နိုင်ငံအသင်းရဲ့ လေ့ကျင်းခန်တွေမှာ မြင်တွေ့ခဲ့ဖူးပြီးသားပါ လာမဲ့ ရာသီမှာတော့ ကျွန်တော်သူနဲ့ အတူတူ ဗီဒီယိုဂိမ်းတွေ အတူတူ တွဲဆော့ရတော့မှာပါ”

ဂျီးဆပ်က အာဆင်နယ်အသင်းဖော်ဖြစ်လာတဲ့ နောက်ခံလူ ဂါဘရီရယ်ကိုလည်း ပြီးခဲ့တဲ့ ၂ရာသီမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားဖူးတာလည်း ဖြစ်ပါတယ်။ “ကျွန်တော်သူနဲ့ ၂ကြိမ်တောင် ရင်ဆိုင်ခဲ့ဖူးပါတယ် သူဟာ သိပ်ကို ကျော်ဖြတ်ဖို့ ခက်တဲ့ ခံစစ်ကစားသမားကောင်း တစ်ယောက်လည်းဖြစ်ပါတယ်”

ကမ္ဘာ့ဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ၅လသာလိုတော့တာ ဖြစ်ပြီး အာဆင်နယ်အသင်းက ဘရာဇီးကစားသမား ၃ယောက်လည်း နိုင်ငံအသင်းနဲ့ အတူ ပါဝင်လာဖွယ်ရှိပါတယ်။

“ဒါက ကျွန်တော်တို့အတွက် အရမ်းကို ကောင်းမွန်လွန်းပါတယ် ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို ဝင်ရောက်ကစားထားခဲ့ဖူးတာကြောင့် ဒီခံစားချက်ကို ကောင်းကောင်းသိပါတယ်။ ဘရာဇီးနိုင်ငံမှာဆို ကျွန်တော်တို့က ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ ကာကာနဲ့ ရိုမာရီယိုတို့လို့ ကစားသမားကြီးတွေကို ငေးမောရင်း ဘောလုံးကစားခဲ့ ကြရတာ ဖြစ်ပါတယ်” “ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကလည်း စတင်ဖို့နီးစပ်နေပါပြီ အာဆင်နယ်အသင်းရဲ့ ဂါဘရီရယ် အုပ်စုလည်းနိုင်ငံအသင်းနဲ့ ပါဝင်ခွင့်ရဖို့ အခွင့်အရေး ရှိပါတယ်”လို့ အာဆင်နယ်အသင်းကို ပူပူနွေးနွေးရောက်ရှိလာတဲ့ ဂါဘရီရယ်ဂျီးဆပ်က ပြောဆိုလိုက်ပါတာပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #မာဂယ်ဟေးစ် #မာတင်နယ်လီ #ဂျီးဆပ်