ရှေ့သို့
Image

ယူနိုက်တက် အနေနဲ့ ရော်နယ်ဒိုနဲ့ တွဲကစားဖို့ ဒိုင်ဘားလားကို ခေါ်ယူသင့်တယ်လို့ ပဲလေ့စ် ကစားသမားဟောင်း အမ်ဘရို့စ် ပြောကြား

10:40 AM, 6 July

ယူနိုက်တက်အနေနဲ့ အသင်းတိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုနဲ့တွဲဖက်ကစားဖို့ အသင်းဖော်ဟောင်း ဒိုင်ဘားလားကို ခေါ်ယူသင့်တယ်လို့ ပဲလေ့စ်ကစားသမားဟောင်း အမ်ဘရို့စ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ကစားသမားဘဝ နောက်ဆုံးနေ့တွေမှာ ထိပ်တန်းအဆင့်ပြိုင်ပွဲမျိုးမှာပဲ ကစားချင်နေတာဖြစ်ပါတယ်။

အလွတ်ကစားသမား ဒိုင်ဘားလားကတော့ ဂျူဗင်တပ်စ်ကနေ ထွက်ခွာပြီးနောက် အသင်းသစ် ရှာဖွေနေတာဖြစ်ပြီး အင်တာမီလန်အသင်းက ချိတ်ဆက်နေပါတယ်။ ရော်နယ်ဒို ထွက်ခွာမယ့်အနေအထားမှာ ယူနိုက်တက်အနေနဲ့ ပေါ်တူဂီသားကို ဆက်ထိန်းချင်တယ်ဆိုရင် ဒိုင်ဘားလားကို ခေါ်ယူသင့်တယ်လို့ ပဲလေ့စ်ကစားသမားဟောင်း အမ်ဘရို့စ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အထင် သူတို့(ယူနိုက်တက်)အနေနဲ့ ရော်နယ်ဒိုကို ဆက်ထိန်းချင်တယ်ဆိုရင် ဒိုင်ဘားလားကို ခေါ်ယူသင့်ပါတယ်။ သူက တကယ်ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ရော်နယ်ဒိုလို ဂိုးအများကြီး မသွင်းနိုင်ပေမယ့် ရော်နယ်ဒိုဆက်ရှိနေအောင် ကူညီပေးနိုင်ပါတယ်။ ရော်နယ်ဒိုနဲ့ ဒိုင်ဘားလားသာ တိုက်စစ်မှာတွဲဖက်လိုက်မယ်ဆိုရင် တကယ်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ဒိုင်ဘားလားက ရော်နယ်ဒိုနေရာ အစားထိုးဖို့တော့ မဖြစ်နိုင်ပါဘူး”လို့ အမ်ဘရို့စ်က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားဟာ ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွက် အခုအပတ်မှာ ပြန်လာမှာဖြစ်ကာ တနလာၤနေ့မှာတော့ လေ့ကျင့်ခန်းမှာမဟုတ်ပဲ ဒုတိယနေ့မှာမှ တန်ဟက်နဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဒိုင်ဘားလား #အမ်ဘရို့စ်