ဆော်ဒီကလပ်ကို ရောက်ရှိသွားတဲ့ ဝုဗ်နဲ့ တော့တင်ဟမ် နည်းပြဟောင်း နူနိုဆန်းတို့စ်
4:43 PM, 5 July
ဝုဗ်နဲ့ တော့တင်ဟမ် နည်းပြဟောင်း နူနိုအက်စ်ပီရီတိုဆန်းတို့စ်ဟာ ဆော်ဒီအာရေးဘီးယားကလပ် အယ်အီတီဟတ် အသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။ ၄၈ နှစ်အရွယ် ပေါ်တူဂီသား နည်းပြကြီးကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဆော်ဒီကလပ်က တနင်္လာနေ့ညနေပိုင်းမှာ သူတို့ရဲ့တွစ်တာကနေ ကြေညာသွားခဲ့ပါတယ်။
အယ်အီတီဟတ်က သူတို့ရဲ့တစ်တာမှာ “ နူနိုရောက်ရှိလာခဲ့ပါပြီ၊ ကြိုဆိုပါတယ် နည်းပြကြီး ” ဆိုပြီး တင်ခဲ့ပါတယ်။ ဆော်ဒီကလပ်ရဲ့ နည်းပြသစ်ဖြစ်လာသူ နူနိုက “ ဆော်ဒီအာရေးဘီးယားရဲ့ အကြီးကျယ်အခမ်းနားဆုံး အသင်းဖြစ်တဲ့ အီတီဟတ်အသင်းကို တာဝန်ယူခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ မကြာခင်တွေ့ကြမယ် ” လို့ပြောခဲ့ပါတယ်။
ဂျက်ဒက်မြို့ အခြေစိုက် အယ်အီတီဟတ် အသင်းဟာ ပြီးခဲ့တဲ့ရာသီပိတ်ပွဲစဉ်မှာ အယ်ဘာတင်အသင်းနဲ့ ဝ-၀ သရေကျခဲ့တာကြောင့် အယ်ဖိုင်ဆာလီကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ အဓိကပြိုင်ဘက် အယ်ဟီလယ်ကို ၃ နှစ်ဆက်ချန်ပီယံဘွဲ့ ပေးလိုက်ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဗလင်စီယာ၊ ပေါ်တိုတို့ကိုလည်း နည်းပြခဲ့ဖူးတဲ့ နူနိုဟာ ဝုဗ်နဲ့အတူ အင်္ဂလန်မှာ နာမည်ကြီးခဲ့ပြီး မိုလီနော့စ်မှာ ရှိခဲ့တဲ့ ၄ နှစ်အတွင်း ပရီးမီးယားလိဂ် အဆင့် ၇ နဲ့ ဥရောပဝင်ခွင့် ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ဇွန်လက နည်းပြ ဂျိုဆေးမော်ရင်ဟိုရဲ့နေရာမှာ တော့တင်ဟမ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် ၁၇ ပွဲသာ တာဝန်ယူခဲ့ရပြီး နိုဝင်ဘာမှာတော့ နည်းပြ အန်တိုနီယိုကွန်တီနဲ့ အစားထိုးခံခဲ့ရပါတယ်။ မြောက်လန်ဒန်ကလပ်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း ၄ လသာ တာဝန်ယူခံရပြီး အကြီးအကျယ် ကျရှုံးခဲ့ရပါတယ်။
#တော့တင်ဟမ် #အပြောင်းအရွှေ့ #နူနိုဆန်းတို့