ရှေ့သို့
Image

ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ခေါင်းညိမ့်လိုက်တဲ့ ဂျူဗင်တပ်စ် နောက်ခံလူ ဒီလစ်ချ်

10:33 AM, 5 July

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ချ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ကစားသမားကလည်း လန်ဒန်မြေကို လာကစားချင်နေပါတယ်။

တူချယ်ဟာ အားနည်းနေတဲ့နောက်တန်းနေရာအတွက် နယ်သာလန်သားကို ခေါ်ယူအားဖြည့်လိုနေပြီး လက်ရှိအသင်းရဲ့ နောက်တန်းမှာ အားထားရတဲ့သူတွေဖြစ်တဲ့ ရူဒီဂါ နဲ့ ခရစ္စတီယန်ဆန်တို့ ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ အေဂျက်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ၂၀၁၉ တုန်းက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီလစ်ချ်တစ်ယောက် စီးရီးအေမှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရပြီး တူရင်ကလပ်ဘက်ကလည်း ရောင်းချဖို့ ပြင်ဆင်လာပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ပ်ဘိုဟီလေကတော့ အသင်းရဲ့လူအင်အားကိုဖြည့်တင်းပေးဖို့ ပြင်ဆင်နေကာ ဒီလစ်ဂျ်ကို ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။

နယ်သာလန်သားဟာ အင်္ဂလန်မြေမှာ လာရောက်ကစားချင်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုကလည်း မခက်ခဲနိုင်တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က ဒီလစ်ချ်ကို ပေါင် ၇၅ သန်းနဲ့ ရောင်းချဖြစ်ခဲ့ရင် နာပိုလီနောက်ခံလူ ကူလီဘာလေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ မန်စီးတီးစတား စတာလင်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ရာဖင်ဟာကိုလည်း လက်မလျှော့သေးတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဒီလစ်ချ်