ရှေ့သို့
Image

အပြောင်းအရွှေ့အတွက် တောင်းဆိုခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာ ခန့်မှန်းခဲ့

11:27 AM, 4 July

ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြီးခဲ့တဲ့နှစ်က ခန့်မှန်းပြောကြားခဲ့သေးတာဖြစ်ပါတယ်။ အသက် ၃၇ နှစ်သားဟာ ဂျူဗင်တပ်စ်အသင်းကကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ယူနိုက်တက်အသင်းထံ ဒုတိယအကြိမ်ပြန်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကိုပြန်လာချိန်မှာတော့ အသင်းကနေ ဆုဖလားလက်မဲ့ဖြစ်ခဲ့ကာ ရော်နယ်ဒိုက ပြိုင်ပွဲစံုံ ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး Sir Matt Busby Player of the Year ဆုကိုရရှိခဲ့ပါတယ်။ ပေါ်တူဂီသားဟာ အခုချိန်မှာတော့ အသင်းရဲ့အနေအထားကို စိတ်ပျက်လာသလို ချန်ပီယံလိဂ်ကစားချင်တာကြောင့် အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ကိုပြန်မပြောင်းခင် မန်စီးတီးက ရော်နယ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးတာဖြစ်ပြီး အခုလည်း သတင်းတွေ ထွက်နေသေးတာဖြစ်ပါတယ်။ ဂွါဒီယိုလာက ရော်နယ်ဒိုဟာ ဘယ်နေရာမှာ ကစားမယ်ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ကစားသမားအနည်းငယ်ထဲကတစ်ဦးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“အပြောင်းအရွှေ့မပိတ်ခင် ၃ ရက် ဒါမှမဟုတ် ၄ ရက်မတိုင်ခင် ကျွန်တော်ပြောနိုင်တာက ဘာမဆိုဖြစ်နိုင်ပါတယ်။  ဒါပေမယ့် ကျွန်တော့်အမြင်အရဆိုရင် ရော်နယ်ဒို နဲ့ မက်ဆီတို့ဟာ ဘယ်နေရာမှာကစားမယ်ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ကစားသမားအနည်းငယ်ထဲကတစ်ဦးပါ။ သူတို့က ညှိနှိုင်းတာကို ဦးဆောင်နိုင်သလို ဘယ်နေရာမှာ ကစားမယ်ဆိုတာလဲ ဆုံးဖြတ်နိုင်ပါတယ်။ ရော်နယ်ဒိုက ဘယ်မှာ ကစားမယ်ဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ဂွါဒီယိုလာ #ရော်နယ်ဒို