ရှေ့သို့
Image

လီဗာပူးက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ကစားသမားသစ် ကာလ်ဗယ်ဟို ချီးကျူး

8:54 AM, 4 July

လီဗာပူးကစားသမား ဖေဘီယိုကာလ်ဗယ်ဟိုက ဖူလ်ဟမ်ကနေ အန်ဖီးလ်ကို ပြောင်းရွှေ့လာပြီးနောက် လီဗာပူး အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲတစ်သင်းဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

လီဗာပူးဟာ ဇန်နဝါရီ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ပေါ်တူဂီသားကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အခုတနင်္ဂနွေနေ့မှာမှ တရားဝင်ကြေညာနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံရှစ်မှာ ကာလ်ဗယ်ဟိုတစ်ယောက် ဖူလ်ဟမ်အတွက် ၁၀ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်သားဟာ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီး သူ့အရင် လီဗာပူးက ဒါဝင်နူနက်ဇ် နဲ့ ကယ်လ်ဗင်ရမ်ဆေးတို့ကိုခေါ်ယူထားခဲ့ပါတယ်။

လီဗာပူးကိုပြောင်းရွှေ့လာပြီးနောက် ကာလ်ဗယ်ဟိုက အခုလိုပြောကြားခဲ့ကာ “ဒီလိုကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေထဲကတစ်သင်းကိုပြောင်းရွှေ့ခွင့်ရဖို့ ကျွန်တော် အရမ်းကောင်းတယ်လို့ ခံစားနေရပါတယ်။ ကျွန်တော် ဒီမှာအရမ်းပျော်နေပြီး ကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ လီဗာပူးအသင်းက စိတ်ဝင်စားတယ်လို့ ကြားခဲ့ရပြီးနောက် ကျွန်တော့်မှာ အတွေးတစ်ခုတည်းရှိခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်အတွေးဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းမှာရှိတဲ့သူတိုင်းနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ အားလုံးက သာမန်ဖြစ်နေခဲ့ပြီး ဆုံးဖြတ်ချက်ချဖို့ လွယ်ကူခဲ့ပါတယ်။ မာကိုဆေးလ်ဗားကလည်း ဒီနည်းတိုင်းကစားတာပါ။ တိုက်စစ်ပိုဖွင့်ကစားတာကြောင့် လီဗာပူးနဲ့ ဆင်တူပြီး ဂိုးတွေပိုသွင်းနိုင်သလို ပွဲကိုလည်း စိုးမိုးနိုင်ပါတယ်။ ကျွန်တော်အဲ့တာကြောင့် ဒီကိုရောက်နေတာပါ။ အသင်းကို ကျွန်တော့်ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ကူညီပေးချင်ပါတယ်”လို့ ကာလ်ဗယ်ဟိုက ပြောကြားခဲ့ပါတယ်။

ကာလ်ဗယ်ဟိုဟာ လာမယ့်သြဂုတ်လ ၆ ရက်နေ့မှာ အသင်းဟောင်း ဖူလ်ဟမ်နဲ့ ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

#လီဗာပူး #ကာလ်ဗယ်ဟို