ချဲလ်ဆီးက ချိတ်ဆက်နေတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောကြားလိုက်တဲ့ ရာဖင်ဟာ
2:22 PM, 2 July
လိဒ်တောင်ပံကစားသမားက ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ ပြောကြားလိုက်ပြီးနောက် ချဲလ်ဆီးရဲ့ ရာဖင်ဟာကိုခေါ်ယူရေးမျှော်လင့်ချက်က ဝေဝါးလာပါတယ်။ ဘာစီလိုနာဟာ ဘရာဇီးလ်သားရဲ့ နွေရာသီအဓိက ပြောင်းရွှေ့ရေးပစ်မှတ်ဖြစ်ပေမယ့် ဘဏ္ဍာရေးအခြေအနေအရ လိဒ်တောင်းဆိုတာကို မလိုက်လျောနိုင်တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခင်က လိဒ်တောင်ပံကစားသမားကိုခေါ်ယူူနိုင်ဖို့ အခြေအနေကောင်းပေမယ့် ပြောင်းရွှေ့ကြေးအဆင်မပြေဖြစ်နေပြီး ချဲလ်ဆီးက ကြားဖြတ်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ရာဖင်ဟာ ကိုယ်တိုင်က ချဲလ်ဆီးကိုပြောင်းရွှေ့ချင်နေပြီး ချဲလ်ဆီးကလည်း လိဒ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးဟာ သဘောတူညီမှုရရှိထားတယ်ဆိုပေမယ့် စိတ်ဝင်စားက လျော့ကျနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ရာဖင်ဟာကို လွဲချော်မယ့်အနေအထားမှာ ရစ်ချာလီဆင်ကလည်း တော့တင်ဟမ်ကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အဲဗာတန်စတားကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် တော့တင်ဟမ်က လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ တူချယ်ဟာ လက်ရှိမှာတော့ မန်စီးတီးစတား စတာလင်ကိုခေါ်ယူနိုင်ဖို့ အာရုံစိုက်နေပြီး ဒမ်ဘီလီကိုလည်း စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
ပြင်သစ်သားဟာ အလွတ်နဲ့ရမယ့်ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာနဲ့ စာချုပ်သစ် အဆင်မပြေတဲ့အနေအထားမှာ ပီအက်စ်ဂျီကလည်း ကစားသမားအခြေအနေကို စောင့်ကြည့်နေပါတယ်။