ရှေ့သို့
Image

အာဆင်နယ်မှာဆိုရင် ရစ်ချာလီဆန် ပွဲထွက်ခွင့်မရနိုင်ဘူးဆိုပြီး ဝီရှိုင်းယား ပြောပြန်

9:25 AM, 2 July

အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂျက် ဝီရှိုင်းယားက တော့တင်ဟမ်က ခေါ်ယူလိုက်တဲ့ ရစ်ချာလီဆန်ဟာ အာဆင်နယ်မှာဆိုရင် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်ကြောင်း ပြောခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ နည်းပြ ကွန်တီရဲ့ နွေရာသီ ၄ဦးမြောက် ကစားသမားခေါ်ယူမှုအဖြစ် တော့တင်ဟမ်ကို ပေါင်သန်း၆၀နဲ့ ပြောင်းသွားခဲ့ပါတယ်။ အာဆင်နယ်ကလည်း ဘရာဇီးသားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ဝီရှိုင်းယားကတော့ ရစ်ချာလီဆန်ကို မခေါ်ယူနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်စရာမရှိဘူးဆိုပြီးပြောခဲ့ပါတယ်။

ဝီရှိုင်းယားက “ရစ်ချာလီဆန်က အသင်းကို တိုးတက်စေမှာ သေချာပါတယ်။ သူ မတူညီတဲ့တစ်ခုခုကို ယူဆောင်လာပေးမှာပါ။ ကျွန်တော်တို့ သူ့ကို မရလိုက်ရင် စိတ်မကောင်းဖြစ်နေတယ်ဆိုပြီး မပြောချင်ပါဘူး” “သူက အသက်၂၅နှစ်ရှိပြီဖြစ်တာကြောင့် အရမ်းမငယ်တော့ပါဘူး။ ဒီလိုအချိန်က နေရာတစ်ခုခုရောက်ဖို့ ပြောင်းလဲရမယ်အချိန်ဖြစ်ပြီး ဒါကိုလည်း ကွန်တီက လုပ်ပေးနိုင်မယ်လို ထင်ပါတယ်” “ကျွန်တော် အာဆင်နယ်ပရိသတ်တစ်ယောက်အနေနဲ့ စိတ်မကောင်းဘူးလို့ မပြောချင်ပေမဲ့ သူက တကယ်ကောင်းတဲ့ ကစားသမားပါ”လို့ ပြောခဲ့ပါတယ်။

ဝီရှိုင်းယားက သူသာ အာဆင်နယ်နည်းပြဆိုရင် ရစ်ချာလီဆန် အသင်းမှာ ပွဲထွက်ခွင့်ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

“သူ့ကို ခေါ်မှာဖြစ်ပေမဲ့ ပွဲထွက်ခွင့်တော့ရမှာ မဟုတ်ပါဘူး။ သူ အဲ့ဒီအတွက်တိုက်ပွဲဝင်မှာ သေချာပြီး အသင်းရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်မှာ ဖြစ်ပေမဲ့ ပွဲထွက်ခွင့်ရမယ်လို့တော့ မထင်ပါဘူး”လို့ ပြောခဲ့ပါတယ်။
ရစ်ချာလီဆန်ဟာ တော့တင်ဟမ်ရဲ့ နွေရာသီ အဓိကပစ်မှတ်တစ်ခုဖြစ်ပြီး ဘရာဇီးမှာ ဆေးစစ်မှု အောင်မြင်ပြီးတဲ့နောက် အသင်းသစ်က တရားဝင်ကြေညာခဲ့ပါတယ်။ လာမယ့်ရာသီ ချန်ပီယံလိဂ်အတွက် ပြင်ဆင်နေတဲ့ ကွန်တီဟာ ရစ်ချာလီဆင်က အသင်းအတွက် အရေးပါတဲ့ ဖြည့်တင်းမှုဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။

ရစ်ချာလီဆင်ဟာ အဲဗာတန်အတွက် ၁၅၂ပွဲ ကစားပြီး ၅၃ဂိုး သွင်းပေးထားခဲ့ကာ ယမန်နှစ် အသင်းတန်းမဆင်းရအောင် အဓိကနေရာကနေ ကူညီပေးခဲ့ပါတယ်။

#အာဆင်နယ် #အဲဗာတန် #ရစ်ချာလီဆန် #ဝီလ်ရှိုင်းယား