ရှေ့သို့
Image

အသင်းကနေ ထွက်ခွာတော့မယ့် ပီတာချက်ကို မက်ဆေ့ချ် ပေးပို့ခဲ့တဲ့ မန်ဒီ

3:15 PM, 1 July

ချဲလ်ဆီးအသင်း ဂိုးသမား မန်ဒီဟာ အသင်းကနေထွက်ခွာတော့မယ့် ချဲလ်ဆီးဂန္ထဝင် ပီတာချက်ကို နှုတ်ဆက်မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။

ပီတာချက်ဟာ ချဲလ်ဆီးအသင်းမှာ ကစားသမားဘဝဖြတ်သန်းခဲ့သလို နည်းစနစ်ဒါရိုက်တာအဖြစ်လည်း ဆောင်ရွက်ခဲ့ကာ အခုအပတ်အစောပိုင်းတုန်းက ထွက်ခွာမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အသင်းပိုင်ရှင်သစ် ဘိုဟီလေတာဝန်ယူပြီးနောက်မှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပြီး ဂရာနိုဗက်စကီး နဲ့ ဘရုစ်ဘက်ခ်တို့လည်း ထွက်ခွာခဲ့တာဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကျွန်တော် အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိအသင်းပိုင်ရှင်အသစ် လက်အောက်မှာ ကျွန်တော့်အတွက် မှန်ကန်တဲ့အချိန်တစ်ခုဖြစ်နေပြီလို့ ခံစားရပါတယ်။ အသင်းရဲ့ လက်ရှိအနေအထားကို ကျွန်တော် ကျေနပ်ပါတယ်”လို့ ပီတာချက်က ပြောကြားခဲ့ပါတယ်။

ချက်ဟာ မန်ဒီကို ရန်းနက်စ်အသင်းထံကနေ ခေါ်ယူတုန်းက အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မန်ဒီကတော့ ပီတာချက်တစ်ယောက် လာမယ့်အနာဂတ်မှာ အဆင်ပြေပါစေလို့ လူမှုမီဒီယာကနေ ဆုတောင်းပေးခဲ့ပါတယ်။

“ကျွန်တော့်အတွက် အများကြီးကူညီပေးခဲ့တာတွေကို ကျေးဇူးတင်နေမှာပါ။ သင်ကြားမှုတွေကို အတူတကွမျှဝေခဲ့ကြပါတယ်။ မင်းရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ လာမယ့်အနာဂတ်မှာလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ မန်ဒီက ရေးသားခဲ့ပါတယ်။

ချဲလ်ဆီးဟာ နောက်တန်းနေရာအတွက် ဒီလစ်ဂျ် နဲ့ ကွန်ဒီတို့ကို ချိတ်ဆက်နေပါတယ်။

#ချဲလ်ဆီး #မန်ဒီ #ပီတာချက်