ရှေ့သို့
Image

ယခုနွေရာသီအပြောင်းအရွှေ့ကာလ ဈေးအတန်ဆုံး ကစားသမား အပြောင်းအရွှေ့ကို ပေါလ်မာဆင် ထုတ်ပြော

2:57 PM, 1 July

တော့တင်ဟမ်က ခေါ်ယူခဲ့သော ဘစ်ဆူးမား၏ အပြောင်းအရွှေ့ကို ၂၀၂၂ ခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလ ယခုအချိန်အထိ ပရီးမီးယားလိဂ် အသင်းတစ်သင်း၏ အကောင်းဆုံး လက်မှတ်ရေးထိုးခေါ်ယူနိုင်မှုအဖြစ် ပေါလ်မာဆင်က ချီးကျူးထောပနာပြုခဲ့သည်။ ယခုလအစောပိုင်းတွင် မာလီကွင်းလယ်ကစားသမား ဘစ်ဆူးမားကို ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း တော့တင်ဟမ်က အတည်ပြုထုတ်ပြန်ခဲ့သည်။


ဘစ်ဆူးမားကို လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နှင့် အာဆင်နယ်တို့က ချိတ်ဆက်ခဲ့သော်လည်း နောက်ဆုံးမှာ တော့တင်ဟမ်ကသာ ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်ခဲ့သည်။ အသက်၂၅ နှစ်အရွယ်ကွင်းလယ်လူသည် ဘရိုက်တန်နှင့်စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိခဲ့ချိန်တွင် အလွန်သက်သာသောဈေးနှုန်းဖြင့် တော့တင်ဟမ်က ခေါ်ယူခွင့်ရခဲ့သည်။ဘောလုံးသုံးသပ်သူ ပေါလ်မာဆင်က “တော့တင်ဟမ်အတွက် မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ခုပါ။ 


ဘစ်ဆူးမားက ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းထဲက ဘယ်အသင်းမှာမဆို ကစားနိုင်တဲ့သူပါ။ သူက တိုမီနေး၊ ဖရက်ဒ်တို့ထက် အများကြီးပိုကောင်းပါတယ်။ မန်ချက်စတာယူနိုက်တက်က ဘာကြောင့်သူ့ကိုမခေါ်တာလဲ ဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ ဘစ်ဆူးမားက ပွဲကစားချိန် စပြီဆိုတာနဲ့ ပွဲအပေါ်သက်ရောက်မှု ပြသနိုင်သလို ပရီးမီးယားလိဂ် အတွေ့အကြုံကြွယ်ဝနေတဲ့ ဘက်စုံသုံးကွင်းလယ် ကစားသမား တစ်ဦးလည်းဖြစ်တယ်။


တော့တင်ဟမ်ကို မလေးမစားပြောတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘာလို့များ တခြားအသင်းတွေထဲက အချို့က သူကို့ခေါ်ယူဖို့ မလုပ်တာလဲ? လီဗာပူးရဲ့ကွင်းလယ်ပိုင်းကို ကြည့်လိုက်ရင်လည်း ဘစ်ဆူးမားက သူတို့နဲ့ ကောင်းကောင်းတွဲ ကစားနိုင်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ အထူးသဖြင့် ဖာဘင်ဟို ဒဏ်ရာရသွားတဲ့ အခြေအနေမျိုးမှာပေါ့။ ဒီနေ့ခေတ်ရဲ့ ပေါင် ၂၅ သန်းဆိုတဲ့ တန်ကြေးက ဘာမှမဟုတ်ပါဘူး။ တော့တင်ဟမ်က လုံးဝပြီးပြည့်စုံတဲ့ အပေးအယူတစ်ခုကို ပြုလုပ်နိုင်ခဲ့တာပါ။


ကျွန်တော့်အမြင်မှာတော့ ဒီနွေရာသီရဲ့ အခုအချိန်အထိ ပရီးမီးယားလိဂ် အကောင်းဆုံးလက်မှတ် ရေးထိုးခေါ်ယူမှုတစ်ခုပါပဲ”ဟု ပြောဆိုခဲ့သည်။ အလားတူ ပေါလ်မာဆင်က ဘစ်ဆူးမား အပြောင်းအရွှေ့အပြင် နယူးကာဆယ်၏ ဂိုးသမားနစ်ပုတ်၊ မန်ချက်စတာစီးတီး၏ ဟာလန်း၊ တော့တင်ဟမ်၏ ပါရီဆစ်နှင့် လီဗာပူး၏ ဖေဘီယိုကာဗယ်လ်ဟို ခေါ်ယူမှုတို့ကိုလည်း ယခုနွေရာသီ အပြောင်းအရွှေ့ ယနေ့အချိန်အထိ အကောင်းဆုံး ကစားသမား ခေါ်ယူမှုငါးခုအဖြစ် သတ်မှတ်ခဲ့သည်။

#တော့တင်ဟမ် #အပြောင်းအရွှေ့ #ပေါလ်မာဆင် #ဘစ်ဆူးမား